နီပေါနိုင်ငံမှ တောင်တက်လမ်းပြ ဧဝရတ်တောင်ထိပ်သို့ ၃၂ ကြိမ်မြောက် တက်ရောက်

News Image

  • နီပေါနိုင်ငံမှ တောင်တက်လမ်းပြ ဧဝရတ်တောင်ထိပ်သို့ ၃၂ ကြိမ်မြောက် တက်ရောက်

     နီပေါနိုင်ငံမှ နာမည်ကျော်တောင်တက် လမ်းပြဖြစ်သည့် ကာမီရီတာရှာပါသည် မေလ ၁၇ ရက်တွင် ဧဝရတ်တောင်ထိပ်သို့ ၃၂ ကြိမ်မြောက် တက်ရောက်ခြင်းဖြင့် ၎င်းကိုယ်တိုင် တင်ထားသည့် စံချိန်ကိုချိုးလိုက်နိုင်ကြောင်း သိရသည်။

ကာမီရီတာရှာပါသည် တောင် ၁၄ လုံး စူးစမ်းလေ့လာရေး ကုမ္ပဏီမှ ခရီးသည်များကို ဧဝရတ်တောင်ပေါ်သို့ လမ်းပြအဖြစ်လိုက်ပါခြင်းအားဖြင့် အမြင့် ၈၈၄၉ မီတာရှိသည့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နီပေါနိုင်ငံ၏ခရီးသွားလုပ်ငန်း ဦးစီးဌာနက ကာမီရီတာရှာပါအနေဖြင့် ယခုကဲ့သို့ မှတ်တိုင်အသစ် စိုက်ထူနိုင်ခြင်းနှင့် ဧဝရတ်တောင်ကို ခရီးသွားများပိုမို လာရောက်လည်ပတ်နိုင်စေရန် ဆောင်ရွက်ပေးခြင်းတို့အတွက် ဂုဏ်ယူကြောင်းထုတ်ပြန်ထားသည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် ကာမီရီတာရှာပါသည် မေလ ၁၇ ရက် နံနက် ၁၀ နာရီ ၁၂ မိနစ်တွင် တောင်ထိပ်ပေါ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူအသက် ၅၂ နှစ်ရှိ ရှာပါအမျိုးသမီးတစ်ဦးသည်လည်း ဧဝရတ်တောင်ထိပ်သို့ ၁၁ ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ကြောင်း၊ယင်းသို့တက်ရောက်နိုင်ခြင်းသည် အမျိုးသမီး တစ်ဦးအတွက် အကြိမ်ရေ  အများဆုံးဖြစ်ကြောင်း သိရသည်။

MWD