ဂျပန်မင်းသမီး အအိကို လာအိုနိုင်ငံ ယဉ်ကျေးမှုနှင့် အထူးထုတ်ကုန်ပစ္စည်းများ ပြသသည့် ပွဲတော်သို့ တက်ရောက်

News Image

  • ဂျပန်မင်းသမီး အအိကို လာအိုနိုင်ငံ ယဉ်ကျေးမှုနှင့် အထူးထုတ်ကုန်ပစ္စည်းများ ပြသသည့် ပွဲတော်သို့ တက်ရောက်

တိုကျို မေ ၂၄

ဂျပန်မင်းသမီး အအိကိုက တိုကျိုမြို့တော်၌ ကျင်းပပြုလုပ်သည့် လာအိုနိုင်ငံ ယဉ်ကျေးမှုနှင့် အထူးထုတ်ကုန်ပစ္စည်းများ ပြသသည့်ပွဲတော်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် ကြင်ယာတော် မာဆာကိုတို့၏ သမီးတော် ဂျပန်မင်းသမီး အအိကိုသည် မေ ၂၃ ရက်တွင် Yoyogi Park ၌ ကျင်းပသည့် လာအိုယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ လာအိုရိုးရာဝတ်စုံဖြင့်  အခမ်းအနားတက်ရောက်ခဲ့သည်။

လာအိုရိုးရာဝတ်စုံ အစိမ်းဖျော့ဖျော့အရောင်  ၀တ်ဆင်ထားသည့်  မင်းသမီး အအိကို  ကို အခမ်းအနားစင်မြင့်ထက်၌  တွေ့မြင်ရာ ဧည့်သည်တော်များက ချီးကျူးထောမနာပြုခဲ့ကြသည်။

အခမ်းအနားတွင်  ပိုးထည်ဝတ်အမျိုးသမီးများက  ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

မင်းသမီး အအိကိုသည် ယမန်နှစ်က လာအိုနိုင်ငံသို့ ပထမဆုံး တရားဝင်သွားရောက်လည်ပတ်ခဲ့သည်။

ယမန်နှစ်က လာရောက်ခဲ့သည့် မင်းသမီး၏ လာအိုခရီးစဉ်သည် ဂျပန်လူမျိုးများကြား လာအိုနိုင်ငံနှင့်ပတ်သက်သည့် အသိပညာပေးရာတွင် အထောက်အကူဖြစ်စေကြောင်း ဂျပန်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး အမ်ဖေကီဒါဗောင်က  ပြောကြားခဲ့သည်။

မင်းသမီး၏ ပထမဆုံး တရားဝင်နိုင်ငံရပ်ခြားခရီးစဉ်အတွက် လာအိုကို ရွေးချယ်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ခိုင်မာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

MDN