မကွေးမြို့၌ စိုက်ပျိုးရေးအထောက်အကူပြု ဆွေးနွေးပွဲကျင်းပ

News Image

  • မကွေးမြို့၌ စိုက်ပျိုးရေးအထောက်အကူပြု ဆွေးနွေးပွဲကျင်းပ

မကွေး မေ ၂၀

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ ချေးငွေအစီအစဉ်သစ်နှင့် စိုက်ပျိုးရေးအထောက်အကူပြု ဆွေးနွေးပွဲအခမ်းအနားကို မေ ၁၉ ရက်‌ မွန်းလွဲပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများက လယ်ယာသုံးစက်ကိရိယာချေးငွ ေအစီအစဉ်သစ်၏ အကျိုးကျေးဇူးများနှင့် ချေးငွေလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ ရရှိနိုင်မည့်စက်ကိရိယာများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဒေသခံတောင်သူ စုစုပေါင်း ၃၀၂ ဦးတက်ရောက်ခဲ့ပြီး တောင်သူ ၅၁ ဦးက ချေးငွေအစီအစဉ်ကို စိတ်ဝင်စား၍ လျှောက်လွှာချက်ချင်းဖြည့်သွင်းခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

mitv