ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

News Image

  • ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၀

 

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေနှင့် မန္တလေးမြို့ ၂၇ လမ်း-၆၈ လမ်းထောင့်နှင့် မန္တလေးဘူတာကြီးတို့တွင် ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာများကို ကြည့်ရှုစစ်ဆေးသည်။

 

ယမန်နေ့ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ပြုပြင်ပြီးစီးသည့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး နှစ်ထပ်ရုံး အဆောက်အအုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ သက်သာချောင်ချိရေးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် ချမ်းအေးသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်း ၂၆ B လမ်းနှင့် မန္တလေးမြို့ပတ်လမ်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ရုံးနှင့် သတင်းပြန်ကြားရေးကောင်တာအဖြစ် ယာယီဖွင့်လှစ်ထားသော သုံးထပ်ရုံးအဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်

MDN