ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

News Image

  • ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရန်ကုန် မေ ၃၀

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည့်လည်ပူဇော်ပွဲသို့ တက်ရောက်ကြည်ညိုသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန်ကော်မတီရုံး ကနောင်ခန်းမ၌ ဌာနဆိုင်ရာများ၊ စက်မှုဇုန်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ အင်းစိန်ခရိုင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် FAME Pharmac- euticals ဆေးဝါးစက်ရုံ၌ စက်ရုံမှတာဝန်ရှိသူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ အမှာစကား ပြောကြားသည်။

 

ယင်းနောက် FAME Pharmaceuticals ဆေးဝါးစက်ရုံမှ ထုတ်လုပ်ထားသော ထုတ်ကုန် ၁၀၇ မျိုးနှင့် စက်ရုံအတွင်း ထုတ်ကုန်များထုတ်လုပ်နေမှုကို လည်းကောင်း၊ မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် Green Circle Company စက်ရုံအတွင်း ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် LEVEL (3) EV CHARGER ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်ရှိ ပြည်လမ်းနှင့် အမှတ် (၄) လမ်းတို့ကို ဆက်သွယ်ထားသော လှော်ကားလမ်းမပေါ်ရှိ ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံ၏ စက်ရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 

 

ဇွဲထက်ကို(ပြန်/ဆက်)

MDN