ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ တက်ရောက်

News Image

  • ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ တက်ရောက်

ပဲခူး မေ ၃ဝ 

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့်အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ တိုင်းဒေသကြီး လူငယ်စင်တာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့  တက်ရောက်သည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အခြေခံစက်ချုပ်သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ အခြေခံစက်ချုပ်သင်တန်းအတွက် ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

 

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို မေ ၁၁ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၂၀ တက်ရောက်ကာ သင်တန်းနည်းပြ ဆရာ/ ဆရာမများက အခြေခံလက်ပြတ် (ရင်စေ့)၊ ခေါင်းစွပ်လက်ပြတ်၊ ရင်စေ့လက်ဆက်၊ ရင်ဖုံးလက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ် (ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ (လက်ဖောင်း (သို့) ရိုးရိုးလက်)၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊ သုံးလွှာစကပ်စသည်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။ 

 

တိုင်းဒေသကြီး(ပြန်/ဆက်)

MDN