ကယားပြည်နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ

News Image

  • ကယားပြည်နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ

လွိုင်ကော် မေ ၂၁

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်၍ မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အကြိုလှုပ်ရှားမှုအဖြစ် အခြေခံပညာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လှုံ့ဆော်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

 

ထို့နောက် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါပိုးစီကျေးရွာ အခြေခံပညာမူလတန်းကျောင်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်တွင် ကျောင်းအပ်လက်ခံနိုင်ရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန်မှာကြားသည်။

 

ယင်းနောက် လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

MDN