ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး

News Image

  • ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး

ရေတာရှည် မေ ၂၁

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

အငြိမ်းစားဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ ကြက်ဥ ငါးလုံးနှင့် ဆီ ၅၀ ကျပ်သားကို ၆၃၀၀ ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

MDN