ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် တောင်ဖီလာဒေသရှိ MAX ဘိလပ်မြေစက်ရုံ ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် တောင်ဖီလာဒေသရှိ MAX Myanmar Manufacturing Co.,Ltd. က ခွင့်ပြုမိန့် ရရှိထားသော ထုံးကျောက်လုပ်ကွက်များနှင့် MAX ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေထုတ်လုပ်ရန် အခြားကုန်ကြမ်းများ ရယူထားမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည်။
ဦးစွာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက MAX အမှတ်တံဆိပ် ဘိလပ်မြေ ထုတ်လုပ်မှုအတွက် ထုံးကျောက်များ ထုတ်လုပ်မှု အခြေအနေ၊ ကုန်ကြမ်းများဖြစ်သည့် ကျောက်မီးသွေးနှင့် ဂေါဒန်ကျောက်ရယူထားမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် CSR လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြည်တွင်း၌ အသုံးပြုရန်လိုအပ်သော ဘိလပ်မြေများကို ကြိုးပမ်းထုတ်လုပ်သွားရန်နှင့် စဉ်ဆက်မပြတ် ဘိလပ်မြေများ ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများ ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးသည်။
သတင်းစဉ်
MDN
