အီရန်က သန့်စင်ပြီးယူရေနီယံများ စွန့်လွှတ်ရန် သဘောတူဟု အမေရိကန် တာဝန်ရှိသူများပြော

News Image

  • အီရန်က သန့်စင်ပြီးယူရေနီယံများ စွန့်လွှတ်ရန် သဘောတူဟု အမေရိကန် တာဝန်ရှိသူများပြော

      အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာထားသည့် သဘောတူညီချက်တွင် အီရန်နိုင်ငံက ၎င်း၏သန့်စင်ပြီးယူရေနီယံ များကို စွန့်လွှတ်ရန်သဘောတူကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောသည်။ ထရမ့်က အီရန်နှင့် သဘောတူညီချက်ရရန် နီးစပ်နေပြီး ဟော်မုရေလက်ကြား ပြန်ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် ပြောသည်။ သို့သော် ထရမ့်၏ပြောဆိုမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်က မှတ်ချက်ပြုထားခြင်းမရှိပေ။

အမေရိကန်ကပေးထားသော အဆိုပြုချက်တွင် အီရန်က၎င်း၏ ယူရေနီယံများကို မည်မျှအထိစွန့်လွှတ်မည်ဟူသော အချက်ကို ဆုံးဖြတ်ထားခြင်းမရှိဘဲ လာမည့်ဆွေးနွေးပွဲများကျမှသာ ဆုံးဖြတ်မည်ဟု တာဝန်ရှိသူများကပြောသည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အီရန်တွင် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၄၀   ကီလိုဂရမ်ခန့်ရှိသည်ဟု  သိရသည်။

ယခုသဘောတူညီချက်၏ အဓိကအစိတ်အပိုင်းတစ်ခုတွင် အီရန်နိုင်ငံ၏ပြည်ပရှိ ထိန်းသိမ်းခံထားရသော ငွေကြေး ဘီလီယံပေါင်းများစွာကို ပြန်လည်ထုတ်ပေးရေး ပါဝင်ပြီး အီရန်အနေဖြင့် နောက်ဆုံးနျူကလီးယား   သဘောတူညီချက်ကို သဘောတူပြီးမှသာ   ရန်ပုံငွေများကိုရရှိမည်ဖြစ်သည်။

လက်ရှိတွင် ထရမ့်ကြေညာထားသော သဘောတူညီချက်နှင့်ပတ်သက်၍ အီရန်ဘက်က မည်သည့်ထုတ်ပြန်ချက်မျှ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ထိုသို့သဘောတူညီချက်ရရှိရန် နီးစပ်မှုမရှိသေးကြောင်း မေလ ၂၂ ရက်တွင် ပြောထားသည်ဟု သိရသည်။    

MDN