အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီမှုရရန် နီးစပ်မှုမရှိသေးဟု အီရန်ပြော

News Image

  • အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီမှုရရန် နီးစပ်မှုမရှိသေးဟု အီရန်ပြော

    အီရန်နှင့်အမေရိကန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ သဘောတူညီမှုရရှိရန် နီးစပ်မှုမရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘာဂါအီက မေလ ၂၂ ရက်တွင် ပြောသည်။

ပါကစ္စတန်နိုင်ငံစစ်ဘက်အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးတို့ အီရန်နိုင်ငံသို့ရောက်ရှိနေသော်လည်း ယင်းသည် ဆွေးနွေးပွဲများတွင် အဆုံးအဖြတ် အခြေအနေသို့ ရောက်ရှိနေသည်ဟု မဆိုလိုကြောင်း ၎င်းကပြောသည်။ ထို့ပြင် အီရန်နှင့် အမေရိကန်ကြား ကွာခြားချက်များမှာ နက်ရှိုင်းပြီးများပြား ကြောင်း၊ သံတမန်ရေးဆွေးနွေးမှုများသည် အချိန်ယူရကြောင်း ဘာဂါအီက ဆက်ပြောသည်။ ဆွေးနွေးပွဲများသည် လက်ဘနွန်အပါအဝင် တိုက်ခိုက်မှုများအားလုံး အဆုံးသတ်ရေးကိုသာရည်ရွယ်ထားပြီး လက်ရှိအဆင့်တွင် အီရန်၏ နျူကလီးယားအစီအစဉ် မပါဝင်သေးကြောင်းလည်း ၎င်းကဆိုသည်။

Al Arabiya သတင်းဌာနက အီရန်-အမေရိကန် ငြိမ်းချမ်းရေး သဘောတူညီချက် မူကြမ်းတွင် အချက်(၉)ချက် ပါဝင်ကြောင်း ဖော်ပြထားသည်။ ယင်းတွင် အပစ်အခတ်ရပ်စဲရေး၊ စစ်ရေးနှင့် စီးပွားရေး အဆောက်အအုံများကို မတိုက်ခိုက်ရေး၊ ရေကြောင်းလွတ်လပ်စွာ သွားလာခွင့်နှင့် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးတို့ ပါဝင်ကြောင်း သိရသည်။    

MWD