ကျူးဘားက အမေရိကန်အတွက် အမျိုးသားလုံခြုံရေး အန္တရာယ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

News Image

  • ကျူးဘားက အမေရိကန်အတွက် အမျိုးသားလုံခြုံရေး အန္တရာယ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

     ကျူးဘားနိုင်ငံသည် အမေရိကန်နိုင်ငံအတွက် အမျိုးသားလုံခြုံရေးအန္တရာယ်ဖြစ်လာနေကြောင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် သဘောတူညီချက်ရရှိရေးမှာ ဖြစ်လာနိုင်ဖွယ် သိပ်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မှတ်ချက်ပြုပြောထားသည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသားများ သေဆုံးစေသည့် လေယာဉ်နှစ်စင်းကို ပစ်ချသည်ဟူသော စွပ်စွဲချက်ဖြင့် ကျူးဘားသမ္မတဟောင်း ရောကက်စထရိုကို အမေရိကန်အစိုးရက လူသတ်မှုဖြင့်တရားစွဲဆိုပြီးနောက် မာကိုရူဘီယိုက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအနေဖြင့် သံတမန်ရေးအရသာ ဖြေရှင်းလိုကြောင်း၊ သို့သော်အမေရိကန်နိုင်ငံကို ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တွင် အခွင့်အရေးနှင့်တာဝန်ရှိကြောင်း မာကိုရူဘီယိုကပြောသည်။

သို့ရာတွင် မာကိုရူဘီယို၏ ပြောဆိုချက်များသည် အလိမ်အညာများသာဖြစ်နေကြောင်း၊ ကျူးဘားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအတွက် မည်သည့်အခါကမျှ အန္တရာယ်ဖြစ်စေခြင်းမရှိကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်ကတုံ့ပြန်ထားသည်။

အလားတူ ကျူးဘားနိုင်ငံသည် ဒေသတစ်ခုလုံးတွင် အကြမ်းဖက်သမားများကို အားပေးထောက်ပံ့ပေးနေခြင်းဖြစ်သည် ဟူသော မာကိုရူဘီယို၏ စွပ်စွဲချက်များကိုလည်း   ဘရူနိုရိုဒရီဂက်ကငြင်းဆိုကာ အမေရိကန်အနေဖြင့်     စစ်ရေးအရ ကျူးကျော်ရန် အကြောင်းရှာနေခြင်းဖြစ်ကြောင်း ပြောထားသည်။ 

MDN