Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ

News Image

  • Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ

ရန်ကုန်    မေ    ၂၄                               

     အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးပွဲစဉ်(၃၂)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်းကျင်းပသည်။

အဆိုပါပြိုင်ပွဲ  ၃  မိနစ်ထိုး ၂ မိနစ်နား သုံးချီပြိုင်ပွဲ၌ ရဲမင်းအောင် (Smart Fight)နှင့်မိုးကြိုး (555 Sport)၊ထက်ဝေယံ (ကျားမနိုင်)နှင့်ခေးဘွေးထူး (ရိုးရာကျား)၊ရန်မျိုးအောင် (YMA)နှင့် ဝေါယောဇက် (ရိုးရာကျား)၊ ဗညား(Strong Westler)နှင့် ဟိန်း ထက်အောင်(ရွှေဒေါင်းဖြူ)၊ ရွှေထီး(YMA)နှင့်နိုင်ဇင်ဦး (ကျားဘုရင်)တို့ပြိုင်ပွဲများတွင် အလူးအလဲဖြင့်ပူးတွဲသရေများ ကျခဲ့ကာ ပရိသတ်အကြိုက် ပွဲကောင်းများဖြစ်ခဲ့သည်။

ရဲမင်းအောင် (Smart Fight)နှင့် မိုးကြိုး (555 Sport)၊ ထက်ဝေယံ (ကျားမနိုင်)နှင့် ခေးဘွေးထူး(ရိုးရာကျား)၊ ရန်မျိုးအောင် (YMA)နှင့်ဝေါယောဇက်(ရိုးရာကျား)၊ ဗညား (Strong Westler)နှင့် ဟိန်းထက်အောင် (ရွှေဒေါင်းဖြူ)၊ ရွှေထီး (YMA)နှင့်နိုင်ဇင်ဦး (ကျားဘုရင်)တို့ပြိုင်ပွဲများတွင် အလူးအလဲဖြင့်ပူးတွဲသရေများ ကျခဲ့ကာ  ပရိသတ်အကြိုက် ပွဲကောင်းများဖြစ်ခဲ့သည်။

ဆက်လက်၍   သားသား (ဓနုဖြူ)က ချင်းသွေးရိုင်း (Top One)ကို ဒုတိယအချီ၌ လက်သီးတွဲဖြင့် အလဲထိုးနိုင်ခဲ့ပြီး ပြည့်ဖြိုး အောင် (ကျားဘုရင်)က စောကီးဒို (Nine Club)ကိုဒုတိယအချီမှာ အလဲထိုးနိုင်ခဲ့သည်။

ထို့ပြင်စောမျိုးကျော် (ဓနုဖြူ)နှင့် ဒေးဗစ် (MK-1)တို့ပြိုင်ပွဲတွင်  ဒေးဗစ်လက်သီး ခြေကန်ချက်များကြောင့်  စောမျိုးကျော်ဒုတိယအချီမှာ    အနားတောင်းခဲ့ကာ ဆက်လက်မယှဉ်ပြိုင်နိုင်၍ ဒေးဗစ်အနိုင်ရရှိခဲ့သည်။  ဖိုးခွားစိ (ပဲခူးကလပ်)နှင့် စောလင်းထက်နိုင် (ဓနုဖြူ)တို့ပြိုင်ပွဲတွင် ဖိုးခွားစိ‌ခြေကန်ချက်၊   လက်သီးတွဲလုံး တရစပ်များကြောင့်  ဒုတိယအချီမှာ စောလင်း ထက်နိုင်အနားတောင်းခဲ့ကာ  တတိယအချီတွင် ဆက်လက် မယှဉ်ပြိုင်နိုင်၍ အရှုံး ပေးခဲ့သည်။   စထက်လင်း (MK-1)နှင့်စောမောနီးရှိုင်း  (DOJO 9)  တို့ပြိုင်ပွဲ၌သူတင်ကိုယ်တင် တတိယအချီအထိထိုးကြကာ  တတိယအချီမှာပင် စထက်လင်း လက်သီးကြောင့်  စောမောနီးရှိုင်းထိုင်ကျကာ  ဆက်လက် မယှဉ်ပြိုင်၍ အရှုံးပေး လိုက်ရသည်။   

MWD