အင်ဒိုနီးရှားနိုင်ငံ၏ အာဟာရပြည့်အစားအစာကျွေးမွေးရေးအစီအစဉ်က လူပေါင်း ၆၂ ဒသမ ၄ သန်းကျော်အထိ အကျိုးခံစားခွင့်ရှိလာ

News Image

  • အင်ဒိုနီးရှားနိုင်ငံ၏ အာဟာရပြည့်အစားအစာကျွေးမွေးရေးအစီအစဉ်က လူပေါင်း ၆၂ ဒသမ ၄ သန်းကျော်အထိ အကျိုးခံစားခွင့်ရှိလာ

ဂျကာတာ   မေ  ၂၄

အင်ဒိုနီးရှားနိုင်ငံ၏ အာဟာရပြည့်အစားအစာ ကျွေးမွေးရေးအစီအစဉ်သည် ကျောင်းသား ကျောင်းသူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊   နို့တိုက်မိခင်များအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၆၂ ဒသမ ၄ သန်းကျော် အကျိုးခံစားခွင့်ရှိလာပြီဖြစ်ကြောင်း မေ ၂၃ ရက်တွင် ထုတ်ပြန် သော အစိုးရအချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှားအစိုးရသည် အသက်ငယ်ရွယ်ချိန်မှစတင်ကာ အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုအားကောင်းစေရန်နှင့် လူသားအရင်းအမြစ်  အရည်အသွေးမြှင့်တင်နိုင်ရန် အာဟာရပြည့်အစားအစာကျွေးမွေးရေးအစီအစဉ်ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား အဆင့်အာဟာရဆိုင်ရာအေဂျင်စီက ပြောသည်။

အကျိုးခံစားခွင့်ရှိသူများအနက် ကျောင်းသား ကျောင်းသူများ  အများဆုံးဖြစ်ပြီး  စုစုပေါင်း ၄၈ ဒသမ   ၃၅  သန်းရှိကြောင်း၊  ယင်းပမာဏမှာ အင်ဒိုနီးရှားတစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း၏  ၇၆  ဒသမ  ၁ ရာခိုင်နှုန်းအထိရှိကြောင်း အဆိုပါအေဂျင်စီက ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် စတင်ခဲ့သော အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းလည်ပတ်သော အာဟာရဆိုင်ရာဝန်ဆောင်မှုဌာနပေါင်း ၂၉၀၀၀ ခန့်မှတစ်ဆင့် ထမင်း အနပ်ပေါင်း ၈ ဒသမ ၃   ဘီလီယံအထိ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အချက်အလက်များအရ ယင်းအစီအစဉ်သည် စာသင်ကျောင်းပေါင်း ၃၇၀၀၀၀ ကျော်အထိ အကျိုးခံစားခွင့်ရှိကြောင်း၊ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ဖြန့်ဝေဆောင်ရွက်ခြင်းတို့တွင် လုပ်သားပေါင်း ၁ ဒသမ ၂၈ သန်းဖြင့် လုပ်ကိုင်ဆောင်ရွက်ရကြောင်း သိရသည်။

ဆင်ဟွာ

MDN