ကော့သောင်းမြို့၌ အသက်(၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

News Image

  • ကော့သောင်းမြို့၌ အသက်(၂၃) နှစ်အောက်  ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ကော့သောင်း   မေ   ၂၄

တနင်္သာရီတိုင်းဒေသကြီး   ကော့သောင်းမြို့၌  ကော့သောင်းမြို့နယ်  အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေ၂၃ ရက်  မွန်းလွဲပိုင်းက နဝရတ်အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ Polairsအသင်းနှင့် ဆယ်မိုင်အသင်း၊ ဖိုးရှမ်းအသင်းနှင့် Red Drivelအသင်းတို့က အကြို ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကြရာ Polairs အသင်းနှင့်Red Drivel အသင်းတို့က အနိုင်ရရှိပြီး  ဗိုလ်လုပွဲတက်ရောက်ကြသည်။ ထို့နောက် အသက် (၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ Polairs အသင်းက အနိုင်ရရှိခဲ့သည်။   

ယင်းနောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးမင်းသန့်ဇင်က  ဒုတိယဆုရရှိသော  Red Drivel အသင်းကစားသမားများအား  လည်ဆွဲဆုနှင့် ငွေသားဆုချီးမြှင့်သည်။ ထို့နောက် တာဝန်ရှိသူများက အကောင်းဆုံးကစားသမားဆုများအား ချီးမြှင့်ရာ ဆယ်မအကောင်းဆုံးဆုကို  Red  Drivel  အသင်းမှ စိုးမိုးအောင်က လည်းကောင်း၊ ပစ်ထောင်အကောင်းဆုံးဆုကို Polairs အသင်းမှ  ဇော်ဖြိုးပိုင်ကလည်းကောင်း၊   ခုတ်ရိုက်အကောင်းဆုံးဆုကို  Polairs အသင်းမှ  စောအေးမင်းသန့်တို့က  ရရှိကြသည်။ ဆက်လက်၍   မြို့နယ်စီမံခန့်ခွဲရေးနှင့်   အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်  ဦးဇော်မင်းဦးက ပထမဆုရရှိသော Polairs အသင်း ကစားသမားများအား  လည်ဆွဲဆု၊ ငွေသားဆုနှင့်   တံခွန်စိုက်ဆုဖလားများ  ချီးမြှင့်ခဲ့ကြောင်း သိရသည်။                    

ခရိုင်(ပြန်/ဆက်)

MDN