နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

News Image

  • နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

နေပြည်တော် မေ ၂၉

အားကစားရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အခြေခံ ရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း တက်ရောက်အမှာ စကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသက်(၁၆)နှစ်အထက် အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အသက်(၁၂)နှစ်အထက်နှင့် (၁၂) အောက် အမျိုးသား/အမျိုးသမီး သင်တန်း သား သင်တန်းသူများကို တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့ကြ သည့် သင်တန်းသား သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ရေကူးခွင့် Member Card များကို လည်းကောင်း ပေးအပ်ကြသည်။

 

ထို့နောက် အားကစားရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြား မှုဖြင့် မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ်က ကြီးမှူး၍ မြို့တော်ဂေါက်ကွင်း၌ ကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အလှည့်ကျဂေါက်သီး ရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။

 

ပြိုင်ပွဲသို့ ဝါသနာရှင်အဆင့် အားကစားသမား ၈၀၊ Junior အဆင့် ကစားသမား ၅၀ စုစုပေါင်း ၁၃၀ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး မေ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

MDN