မလေးရှား၌ အသက် ၁၆ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု စတင်ပိတ်ပင်

News Image

  • မလေးရှား၌ အသက် ၁၆ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု စတင်ပိတ်ပင်

ကွာလာလမ်ပူ  ဇွန် ၁

မလေးရှားနိုင်ငံ၌ ယနေ့မှစ၍ အသက် ၁၆ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးစည်းများများ စတင်အာဏာသက်ဝင်နေပြီဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

မလေးရှားအစိုးရ၏ အဆိုပါ စည်းများများအရ လူမှုမီဒီယာ ကုမ္ပဏီများအနေဖြင့် အသက်အရွယ် ပိုင်းခြားစိစစ်မှုစနစ်များ ကျင့်သုံးရမည်ဖြစ်သည်။

ထို့ပြင် အဆိုပါစည်းမျဉ်းများအရ လူမှုမီဒီယာကုမ္ပဏီများအနေဖြင့် အသက် ၁၆ နှစ်အောက်ကလေးများ ကိုယ်ပိုင်အကောင့်ထားရှိမှုကိုလည်း ပိတ်ပင်ပေးရမည်ဖြစ်သည်။

အသက် ၁၆ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးစည်းမျဉ်းများ ချိုးဖောက်သည့် ကုမ္ပဏီများအနေဖြင့် ဒဏ်ငွေ မလေးရှားရင်းဂစ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း) ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။

ကလေးသူငယ်များကို အွန်လိုင်းမီဒီယာများ၏ ဆိုးကျိုးများမှ ကာကွယ်ရေးအတွက် အဆိုပါစည်းမျဉ်းများကို ချမှတ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း မလေးရှား တာဝန်ရှိသူများက ပြောကြားထားသည်။

မလေးရှားကဲ့သို့ပင် ဩစတြေးလျ၊ ဘရာဇီး၊ အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ကလေးများ လူမှုမီဒီယာသုံးစွဲခွင့်ကို ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။

ရတနာပုံ