လှိုင်းဘွဲမြို့၌ ကော်ဖီပျိုးပင်၊ သီဟိုဠ်ပျိုးပင်နှင့် ဆင်းသုခမျိုးစေ့(Rs)ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

News Image

  • လှိုင်းဘွဲမြို့၌ ကော်ဖီပျိုးပင်၊ သီဟိုဠ်ပျိုးပင်နှင့် ဆင်းသုခမျိုးစေ့(Rs)ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

လှိုင်းဘွဲ ဇွန် ၁

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကော်ဖီပျိုးပင်၊ သီဟိုဠ်ပျိုးပင်များနှင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများထံသို့ ဆင်းသုခမျိုးစေ့(Rs) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစောမြက အမှာစကားပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်တို့က ကော်ဖီပျိုးပင်၊ သီဟိုဠ်ပျိုးပင်များနှင့် ဆင်းသုခမျိုးစေ့ (Rs)များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။     

စောဒိ(ပြန်/ဆက်)

MDN