မြစ်ကြီးနားမြို့နယ်အတွင်းရှိ သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၁
ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူးရက်ကန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမြင့်၊ တာဝန်ရှိသူများနှင့်အတူ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်ပိုင် စက်ရုံသို့သွားရောက်ပြီး စက်ရုံအတွင်း စက်ယန္တရားကြီးများဖြင့် စက္ကူ၊ စာရွက်ဟောင်းများ၊ စာရွက်အပိုင်းဖြတ်စများအား Recycle ပြုလုပ်၍ ပျော့ဖတ်များမှတစ်ဆင့် စက္ကူအကြမ်း/ အချော၊ တစ်ရှူးစက္ကူများ၊ ကတ်ထူစက္ကူများ ထုတ်လုပ်မှုအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သမဝါယမဦးစီးဌာနနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
MDN
