တစ်မြစ်တွင်းရေအတူသောက်သုံးကာ အနာဂတ်ပုံရိပ်သစ်ကို အတူရေးဆွဲခြင်း

Posted_Date

Image

တစ်မြစ်တွင်းရေအတူသောက်သုံးကာ အနာဂတ်ပုံရိပ်သစ်ကို အတူရေးဆွဲခြင်း

Body

     လန်ချန်း-မဲခေါင်မြစ်သည် တရုတ်နိုင်ငံ ချင်းဟိုင်-ရှီးဇန့် ကုန်းမြင့်ဒေသမှ စတင်မြစ်ဖျားခံပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့်ငါးနိုင်ငံကိုဖြတ်သန်းကာ တောင်တန်းချိုင့်ဝှမ်းများကြားတွင် ကီလိုမီတာ ၄၀၀၀ ကျော် ကွေ့ကောက်စီးဆင်းလျက် သန်းပေါင်းများစွာသော မြစ်ဝှမ်းဒေသရှိ ပြည်သူများကို ပံ့ပိုးပျိုးထောင်ပေးလျက်ရှိကာ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံတို့ကို နီးကပ်စွာချိတ်ဆက်ထားသည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ပထမဆုံးအကြိမ်  နိုင်ငံ့ခေါင်းဆောင်အစည်းအဝေးကို ဟိုင်နန်ပြည်နယ် စန်းယမြို့တွင် အောင်မြင်စွာကျင်းပခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား ပေါ်ထွက်လာခဲ့သည်။ ဆယ်နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အစီအမံမှ လက်တွေ့လုပ်ဆောင်ချက်သို့လည်းကောင်း၊ အခြေခံတည်ဆောက်မှုမှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသို့လည်းကောင်း   ပြောင်းလဲလာခဲ့ပြီး ဒေသတွင်း၏ သက်ဝင်လှုပ်ရှားမှုအရှိဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအရှိဆုံး ပူးပေါင်းဆောင်ရွက်ရေးယန္တရား တစ်ခုဖြစ်လာခဲ့သည်။

ဆယ်နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်နိုင်ငံများ၏ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုသည် ထွန်းလင်းတောက်ပသော အနာဂတ်စာမျက်နှာသစ်ကို သီကုံးရေးဖွဲ့ခဲ့သည်။ နိုင်ငံခြောက်နိုင်ငံသည် ခေါင်းဆောင်များ၏ အရေးပါသောသဘောတူညီချက်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်ခဲ့ပြီး ထိပ်ပိုင်းဆိုင်ရာစီမံကိန်းရေးဆွဲမှုနှင့် ယန္တရားတည်ဆောက်မှုများကို စဉ်ဆက်မပြတ်အားဖြည့်ကာ ငါးနှစ်စီမံကိန်းနှစ်ခုကိုလည်း   ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံတို့၏ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု ဆက်လက်နက်ရှိုင်းလာခဲ့ပြီး တရုတ်-လာအို၊ တရုတ်-ကမ္ဘောဒီးယား၊ တရုတ်-မြန်မာ၊ တရုတ်-ထိုင်း၊ တရုတ်-ဗီယက်နမ် စသည့် နှစ်နိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်းများ အသီးသီးအကောင်အထည်ဖော်ခဲ့သည်။ လန်ချန်း-မဲခေါင်နိုင်ငံများ၏  အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုသည် ခိုင်မာစွာတိုးတက်လာခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် South-South Cooperation ၏ စံနမူနာဖြစ်လာခဲ့ကာ နိုင်ငံခြောက်နိုင်ငံ၏ ပြည်သူများအတွက် လက်တွေ့ကျသောအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ပြီး ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတူတကွသာယာဝပြောရေးတို့ အတွက် အရေးပါသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဆယ်နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ကဏ္ဍစုံ၊ အဆင့်ပေါင်းစုံနှင့် ကျယ်ပြန့်သောနယ်ပယ်သစ်ပုံစံကို ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံခြောက်နိုင်ငံသည် မိတ်ဆွေစိတ်ဓာတ်ကို မြှင့်တင်ကာ ခေါင်းဆောင်များအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရာရှိကြီးများအစည်းအဝေး၊ ပူးပေါင်းအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးများ ပါဝင်သော သုံးဖက်မြင်ပူးပေါင်းဆောင်ရွက်ရေး ဖွဲ့စည်းပုံကို တည်ဆောက်ခဲ့သည်။ နိုင်ငံခြောက်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနများတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု National Secretariat ရုံး သို့မဟုတ် ညှိနှိုင်းရေးအဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတစ်ခုချင်းစီတွင် ကဏ္ဍစုံလွှမ်းခြုံမှု၊ ဌာနအသီးသီးပါဝင်မှု ရရှိစေခဲ့သည်။ အဓိကမဏ္ဍိုင်သုံးရပ် (နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးနှင့်ယဉ်ကျေးမှု)နှင့် ဦးစားပေးကဏ္ဍငါးခု (ချိတ်ဆက်မှု၊ ထုတ်လုပ်မှုစွမ်းရည်၊ နယ်စပ်စီးပွားရေး၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး)  စသည့်ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာခဲ့သည်။ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Lancang-Mekong Water Resources Cooperation Center-MLWRCC)၊ သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Lancang-Mekong Environmental Cooperation Center-MLECC) ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Lancang-Mekong Agricultural Cooperation Center-MLACC)၊ လူငယ်များနှီးနှောဖလှယ်ရေးဗဟိုဌာန (Lancang-Mekong Youth Exchange Center-MLCYEC)၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Lancang-Mekong Integrated Law Enforcement and Security Cooperation Center) နှင့် မဲခေါင်ဒေသဆိုင်ရာ လေ့လာရေးစင်တာ (Global Center for Mekong Studies-GCMS) စသည်တို့တည်ထောင်ပြီး   လည်ပတ်လျက်ရှိသည်။ ထို့ကြောင့် နေ့စဉ်တိုးတက်မှု၊   လစဉ်ရလဒ်များ၊ နှစ်စဉ်အဆင့်မြင့်မှု ဟူသော လန်ချန်း-မဲခေါင် အရှိန်အဟုန်ကို ဖန်တီးခဲ့သည်။

ဆယ်နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်မြစ်ဝှမ်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စင်္ကြံတည်ဆောက်ရေးတွင် မှတ်တိုင်သစ်များထူထောင်နိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်-မဲခေါင်နိုင်ငံများ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၀၀ ဒသမ ၉ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်ဆယ်နှစ်ကထက် ၁၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် လည်းကောင်း၊ လာအိုနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် လည်းကောင်း နှစ်ပေါင်းများစွာ ဆက်တိုက်ရပ်တည်ခဲ့သည်။ တရုတ်-မြန်မာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှာလည်း အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိပြီး တရုတ်-လာအို ရထားလမ်း၏ ရွှေရောင်လမ်းကြောင်း အကျိုးသက်ရောက်မှုမှာ ဆက်လက်ထင်ရှားလျက်ရှိသည်။ တရုတ်-ကမ္ဘောဒီးယား၊ တရုတ်-ထိုင်း၊ တရုတ်-ဗီယက်နမ်တို့အကြား အခြေခံအဆောက်အအုံချိတ်ဆက်မှု၊ စိုက်ပျိုးရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဉာဏ်ရည်တု (AI) ဆိုင်ရာ ကဏ္ဍများအပါအဝင် စီမံကိန်းများစွာကို  အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သည်။ နိုင်ငံခြောက်နိုင်ငံအကြား ရန်ပုံငွေ၊ ကုန်စည်နှင့် နည်းပညာများသည် မြင့်မားသောအရည်အသွေးဖြင့် စီးဆင်းလျက်ရှိပြီး ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုမှာ နက်ရှိုင်းစွာဖွံ့ဖြိုးလာခဲ့သည်။ ယင်းသည် စီးပွားရေးအသွင်သစ်များ ပေါ်ထွန်းလာစေကာ တိုးတက်မှုတွန်းအားသစ်များကို လှုံ့ဆော်ပေးခဲ့ပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းအား ခေတ်သစ်ကာလတွင် သက်ဝင်လှုပ်ရှားမှုအသစ်များ ရရှိစေခဲ့သည်။

ဆယ်နှစ်တာကာလအတွင်းလန်ချန်း-မဲခေါင် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုတွင် အပြန်အလှန် နားလည်သဘောပေါက်မှု၊ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့၏ အခြေအနေအသစ်များ ပေါ်ထွန်းလာခဲ့သည်။ လန်ချန်း-မဲခေါင်ဗီဇာ သည် ဆက်ဆံရေးကိုပိုမိုအဆင်ပြေ ချောမွေ့စေပြီး  နိုင်ငံခြောက်နိုင်ငံမှ ပြည်သူများသည် အပြန်အလှန်လေ့လာရေး ခရီးစဉ်များ ပိုမိုများပြားလာခဲ့သည်။ အနုပညာပွဲတော်များ၊ ဓာတ်ပုံပြပွဲများနှင့် ရုပ်ရှင်ရက်သတ္တပတ်များကဲ့သို့သော လူမှုယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်ချက်များသည် နိုင်ငံခြောက်နိုင်ငံမှ ပြည်သူများ၏ စိတ်နှလုံးသားချိတ်ဆက်မှုကို ပိုမိုခိုင်မာစေခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် သေးငယ်ပြီးကောင်းမွန်သည့် စီမံကိန်းပေါင်း ၉၉၁ ခုကို ပံ့ပိုးကူညီခဲ့သည်။ ၎င်းတို့အနက် လန်ချန်း-မဲခေါင် စမ်းရေချိုလှုပ်ရှားမှု (Operation Sweet Spring)” ဖြင့် စံပြရေပေးဝေရေးစီမံကိန်း ၁၁၀ ခု တည်ဆောက်ခဲ့ရာ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ခန့်မှန်းခြေ လူဦးရေ ၁၃၀၀၀ ခန့် အကျိုးခံစားခဲ့ရသည်။ “LMC Harvest” စီမံကိန်းသည် ကော်ဖီ၊ ရော်ဘာ၊ သစ်သီးဝလံ၊ ပိုးထည်နှင့် ရေထွက်ကုန်ပစ္စည်းများကဏ္ဍတွင် ဒေသခံတောင်သူ သောင်းနှင့်ချီ၍ ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေရန် ကူညီပေးခဲ့သည်။ လန်ချန်း-မဲခေါင် အလင်းရောင်ခရီးစဉ် စီမံကိန်းကြောင့် အတွင်းတိမ်ဝေဒနာရှင်ပေါင်း သောင်းချီကို အမြင်အာရုံပြန်လည်ရရှိစေခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြောက်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် ကိုဗစ်-၁၉ ရောဂါကို ပူးပေါင်းရင်ဆိုင်ကျော်လွှားခဲ့ကြပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်ကာ ပြည်သူများ၏ အသက်အိုးအိမ်နှင့် ကျန်းမာရေး၊ ဒေသတွင်းငြိမ်းချမ်းရေးတို့ကို အတူတကွကာကွယ်စောင့်ရှောက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံး အဆိုပြုသည့်နိုင်ငံဖြစ်သည့်အပြင် တက်ကြွစွာပါဝင်ခြင်းနှင့် အကျိုးခံစားခွင့်ရရှိသော အဓိကနိုင်ငံဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ပံ့ပိုးထားသော စီမံကိန်းပေါင်း ၁၃၂ ခုသည် မြန်မာနိုင်ငံ၌ အောင်မြင်မှုရလဒ်ကောင်းများစွာ ထွက်ပေါ်လျက်ရှိပြီး စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစရှိသည့်ကဏ္ဍများစွာ၌ လွှမ်းခြုံထားသည်။ ယင်းတို့အနက် ဆင်းရဲမှုလျှော့ချရေး စံပြကျေးရွာများတည်ဆောက်ခြင်း ဖြင့် မြန်မာပြည်သူများ ဆင်းရဲမှုမှလွတ်မြောက်ပြီး သာယာဝပြောသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်း၊ ဆိုလာအသေးစား ဓာတ်အားပေးစနစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်းဖြင့် ဝေးလံခေါင်သီသော ဒေသများရှိ အိမ်ထောင်စုထောင်ချီအား ၂၄ နာရီ လျှပ်စစ်မီးအဆက်မပြတ်ရရှိစေခြင်း၊ ငါးထွက်ကုန်ပစ္စည်း အရည်အသွေးမြှင့်တင်ပေးခြင်းဖြင့် ပိုမိုဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်ဝကောင်းမွန်သော ငါးထွက်ကုန်များကို မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါး၏ ဟင်းရည်အဖြစ် အသုံးပြုနိုင်စေခြင်း စသည်တို့ပါဝင်သည်။ ယမန်နှစ် ဩဂုတ်လတွင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကံဆိပ်ကျေးရွာရှိ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားသို့ ကျွန်မတက်ရောက်ခဲ့စဉ် ဒေသခံရွာသူရွာသားများက တစ်နေ့ကျရင် လျှပ်စစ်မီးနဲ့ သန့်ရှင်းတဲ့ရေကို သုံးရလိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် မတွေးမိဘူး ဟု စိတ်လှုပ်ရှားစွာ ပြောကြားခဲ့ကြသည်။ ဤလက်တွေ့ကျသောရလဒ်များနှင့် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များသည် တရုတ်-မြန်မာ  ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ သက်ဝင်လှုပ်ရှားသောပုံရိပ်များ ဖြစ်သကဲ့သို့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ မဆုတ်မနစ်ကြိုးပမ်းခြင်း၏ အကောင်းဆုံးသက်သေပြချက်လည်းဖြစ်သည်။

ဆယ်နှစ်တာကာလအတွင်း ဝီရိယစိုက်ထုတ်မှု၏ အသီးအပွင့်များ ဖူးပွင့်ခဲ့သည်။ တရုတ်-မြန်မာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ လက်တွေ့ အတွေ့အကြုံများက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် တန်းတူညီမျှဆက်ဆံခြင်း၊ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် အပြန်အလှန်ကူညီခြင်း၊ မိသားစုဝင်များကဲ့သို့ရင်းနှီးခြင်း ဟူသော လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို အမြဲမြှင့်တင်ခဲ့ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကိုဦးစားပေးခြင်း၊ တန်းတူညီမျှညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့ကျပြီးထိရောက်မှုရှိခြင်း၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်နိုင်ခြင်း ဟူသော လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို အမြဲလက်ကိုင်ထားခြင်း၊ နိုင်ငံခြောက်နိုင်ငံမှ ပြည်သူများအားအကျိုးပြုရန်  မိမိတို့၏တာဝန်အဖြစ် အမြဲသတ်မှတ်ခဲ့ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးလိုလားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းလိုမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်လိုမှုဟူသော လိုအင်ဆန္ဒနှင့်အလွန်ကိုက်ညီမှုရှိခြင်းတို့ကြောင့် ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ ကြိုဆိုလက်ခံမှုနှင့် အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

    ယနေ့ကမ္ဘာကြီးတွင် ရာစုနှစ်အတွင်း မကြုံစဖူး ပြောင်းလဲမှုကြီးများသည် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေပြီး စစ်ပွဲနှင့်ပဋိပက္ခများ တစ်ခုပြီးတစ်ခုပေါ်ပေါက်နေကာ အင်အားကြီးသူမှ အင်အားငယ်သူကို အနိုင်ကျင့်သော တောရိုင်းဥပဒေ (The Law of the Jungle)နှင့် တစ်ဖက်သတ်ဝါဒတို့က လွှမ်းမိုးချုပ်ကိုင်လာခဲ့သည်။   မငြိမ်မသက်မှုများနှင့် ပဋိပက္ခများရောယှက်နေသော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် လန်ချန်း-မဲခေါင် နိုင်ငံခြောက်နိုင်ငံတို့သည် ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပေးကြမည်ဖြစ်သည်။ 

စည်းလုံးညီညွတ်သောပူးပေါင်း ဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်၍အပြန်အလှန်အကျိုးရှိမှု၊ အစိမ်းရောင်ဆန်းသစ် တီထွင်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဗားရှင်း ၂.၀ ကို တည်ဆောက်ကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ရွှေရောင် ဆယ်နှစ်ရာစုအသစ်ကို  အတူတကွစတင်ဖွင့်လှစ်သွားကြမည်ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် တရုတ်ပုံစံခေတ်မီမှုလမ်းစဉ်ဖြင့် အင်အားကြီးနိုင်ငံတစ်ခု တည်ဆောက်ရေးနှင့် တရုတ်အမျိုးသား ကြီးမြတ်သောပြန်လည်နိုးထရေး မဟာလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ ပန်းတစ်ပွင့်တည်းပွင့်လန်းခြင်းသည် နွေဦးရာသီမဟုတ်  ပန်းမျိုးစုံပွင့်လန်းမှသာ နွေဦးရာသီ၏ ဥယျာဉ်တစ်ခုဖြစ်လာနိုင်သည်။ ကျွန်မတို့ လိုလားတောင့်တနေသည်မှာ တရုတ်တစ်နိုင်ငံတည်း ခေတ်မီတိုးတက်ရေးမဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးနှင့်အတူ ခေတ်မီတိုးတက်ရေးကို အတူတကွအကောင်အထည်ဖော်ရန် မျှော်လင့်လျက်ရှိသည်။ ကမ္ဘာ့အရေးအပါဆုံးသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားမျှတရေး အင်အားစုတစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းတစ်ဦး အဖြစ် အမြဲရပ်တည်သွားမည်ဖြစ်ပြီး တန်းတူညီမျှ စနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုသော  ပါဝင်ထိုက်သူအားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အတူတကွအဆိုပြုကာ လန်ချန်း-မဲခေါင်နိုင်ငံများ၏ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးဟူသော ပင်မရည်မှန်းချက်ဆီသို့ လျှောက်လှမ်းရင်း လန်ချန်း-မဲခေါင် ဒေသတစ်ခုလုံး ခေတ်မီတိုးတက်ရေး လမ်းကြောင်းပေါ်၌ ပိုမိုအရည်အသွေးမြင့်မားပြီး အဆင့်အတန်းမြင့်သော   ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်   တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။    ။

MWD