ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

News Image

  • ကျောက်ဆည်မြို့၌   မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင် ပွဲတော် ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကျောက်ဆည်၊ ဧပြီ-၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၆ နာရီ က ကံဦးရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း ဒေါ်သိုက်ကြီးကွေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ယိမ်းအကအဖွဲ့များမှ ဟိန်းသူဆိုင်းအဖွဲ့နှင့်အတူ မြူးကြွသည့်တေးသီးချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ အဖွဲ့ဝင် ဦးအောင်သူနှင့် ဦးမြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အတွင်းရေးမှူး ရဲမှူးကျော်စိုးမိုး၊ အဖွဲ့ဝင် ဗိုလ်မှူးနိုင်ဦးကို တို့က ယိမ်းအဖွဲ့ ၈ ဖွဲ့အား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။

ထို့နောက် ယိမ်းအကအဖွဲ့များမှ“မန်းတောင်ရိပ်ခို” သီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ပြီး ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)