ကျောက်ဆည်မြို့၌ အသက် (၈၅) နှစ်အထက် အသက်ကြီးဘိုးဘွား ၂၇၁ ဦးအား ပူဇော်ကန်တော့ပွဲ ပြုလုပ်

News Image

  • ကျောက်ဆည်မြို့၌ အသက် (၈၅) နှစ်အထက် အသက်ကြီးဘိုးဘွား ၂၇၁ ဦးအား ပူဇော်ကန်တော့ပွဲ ပြုလုပ်

ကျောက်ဆည်၊ ဧပြီ-၁၇

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဘုရား၊ပုထိုးများအား ရေသပ္ပယ်ခြင်း၊ ငါးလွှတ်ခြင်း၊ စတုဒီသာ ကျွေးကုသိုလ်ပြုခြင်းနှင့် သက်ကြီးဘိုးဘွား ပူဇော်ပွဲများကို သင်္ကြန်ကာလနှင့် နှစ်ဦးရက်များတွင် နေရာဒေသ အသီးသီး တွင် ပြုလုပ်လျက်ရှိရာ နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့၌ ကျောက်ဆည်မြို့၌ အသက် (၈၅) နှစ်အထက် အသက်ကြီး ဘိုးဘွား ၂၇၁ ဦးအား ပွဲဇော်ပွဲကို ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားသို့တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ  ဘိုးဘွားများအား ပူဇော်ကန့်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဘိုးဘွား ၂၇၁ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ရာ မင်းရပ် ရပ်ကွက်မှ ကန်တော့ခံအဘိုး ဦးလှက ဆုတောင်း မေတ္တာ စကားများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)