ကျောက်ဆည်မြို့မဟာရွှေသိမ်တော်မြတ်စွာဘုရား ရွှေသင်္ကန်းကပ်လှူနိုင်ရေး အစည်းအဝေးကျင်းပ
ကျောက်ဆည်၊အောက်တိုဘာ-၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မဟာရွှေသိမ်တော်မြတ်စွာဘုရား ရုပ်ပွား တော်ကြီးနှင့် ဘေးဝဲ/ယာရှိအရံစေတီ(၂)ဆူအား ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီက မဟာရွှေသိမ်တော်ဂေါပကရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းအစည်းအဝေးတွင် မဟာရွှေသိမ်တော်ဂေါပကဥက္ကဋ္ဌဦးကျော်ဆွေနှင့် ရွှေသင်္ကန်းကပ် တင်ဒါလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက မဟာရွှေသိမ်တော်မြတ်စွာဘုရား ရုပ်ပွားတော်ကြီးနှင့် ဘေးဝဲ/ ယာရှိ အရံစေတီ(၂)ဆူအား ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဆွေးနွေးခဲ့ကြပြီး (၂)လက်မပတ်လည် မျက်ပါးရွှေဆိုင်း (၁၀၀) ဆိုင်အား အောက်တိုဘာ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် တင်ဒါခေါ်ယူ၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော် သွားမည် ဖြစ်ကြောင်း သိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားသည် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံ သိမ်သမုတ် ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်း ဘုရာဖူးပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စရပ် များကို အုန်း၊ ငှက်ပျောပွဲများဖြင့် ပွဲထိုးဆုတောင်းခြင်းများ ပြုလုပ်ရာ၌ အောင်မြင်သည့်အတွက် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
