ချယ်လ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ နှင့်အထက်ကမ်းလှမ်းမှသာ ဆွေးနွေးမည်

News Image

  • ချယ်လ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ နှင့်အထက်ကမ်းလှမ်းမှသာ ဆွေးနွေးမည်

လန်ဒန်     ဧပြီ    ၆

     ချယ်လ်ဆီးအသင်းက  အသင်းနှင့်  အနာဂတ်မရေမရာဖြစ်နေသည့် ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀  နှင့်အထက် ကမ်းလှမ်းမှသာ လက်ခံ ဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုသည်။

အန်ဇိုဖာနန်ဒက်သည် ၂၀၂၂ ခုနှစ်က ဘင်ဖီကာ အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစား ပြီးနောက်   အသင်းနှင့်ပထမဆုံးဘောလုံးရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်း ဘောလုံးရာသီများတွင် အကောင်းဆုံးခြေစွမ်းပြလျက် ရှိနေသူဖြစ်သည်။

အန်ဇိုဖာနန်ဒက်သည် ယခုဘောလုံးရာသီ တွင်လည်း အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ပြီး  အသင်းအတွက်အရေးပါသည့်သွင်းဂိုးများ ကိုလည်းသွင်းယူနိုင်ခဲ့ကာ  ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင်  အကောင်းဆုံးကွင်းလယ်ကစားသမားများမှ တစ်ဦးအပါအဝင်ရပ်တည်နေသူဖြစ်သည်။

အန်ဇိုဖာနန်ဒက်သည် ယခုလအတွင်း နိုင်ငံတကာပွဲစဉ်များ ကစားရန် အာဂျင်တီးနားအသင်းနှင့် ပူးပေါင်း စဉ် အသင်းနည်းပြဟောင်း မာရက်စ်ကာအား ထုတ် ပယ်ခဲ့သည့်ဖြစ်ရပ်အတွက် အသင်းတာဝန်ရှိသူများ ကို ဝေဖန်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် ရီးယဲလ် မက်ဒရစ်အသင်းသို့   ပြောင်းရွှေ့ကစားရန် ပြောကြားပြီးနောက်   ချယ်လ်ဆီးအသင်းနည်းပြ ရိုစင်နီယာက အသင်းကစားသမား စာရင်းမှ နှစ်ပွဲပယ်သည့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ချယ်လ်ဆီး အသင်းနှင့်အန်ဇိုဇာနန်ဒက်တို့ အနာဂတ်မရေမရာဖြစ်လာပြီး အန်ဇိုဖာနန်ဒက်၏ အေးဂျင့်ဖြစ်သူကလည်း ချယ်လ်ဆီးအသင်း၏လုပ်ရပ်ကို  ဝေဖန်မှုများလုပ်ဆောင်ပြီးနောက်  ပိုမိုမရေမရာဖြစ်လာသည့် အတွက် ချယ်လ်ဆီးအသင်းအနေဖြင့်  လာမည့် နွေရာသီ  ကစားသမားအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းထံ လက်လွှတ်ရဖွယ်ရှိနေ ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ကို လက် မလွှတ်လိုသော်လည်း အန်ဇိုဖာနန်ဒက်ကိုယ်တိုင်က အသင်းမှထွက်ခွာဖွယ်ရှိသည့်အတွက် ပြောင်းရွှေ့ ကြေးကို  စတာလင်ပေါင်  သန်း ၁၀၀ နှင့်အထက် ကမ်းလှမ်းမှသာ  လက်ခံမည်ဟု   အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
MWD