အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲ၊ လိဒ်စ်အသင်းက ချယ်ဆီးနှင့် တွေ့ဆုံ

News Image

  • အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲ၊ လိဒ်စ်အသင်းက ချယ်ဆီးနှင့် တွေ့ဆုံ

အက်ဖ်အေဖလားပြိုင်ပွဲ  ကွာတားဖိုင်နယ်ပွဲစဉ်များ  ယှဉ်ပြိုင်ကစားပြီးနောက်  ဆီမီးဖိုင်နယ်ပွဲစဉ်များကို  မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ နှစ်ပေါင်း ၃၉ နှစ်အတွင်း ဆီမီးဖိုင်နယ်သို့  ပထမဆုံးအကြိမ်   တက်လှမ်းနိုင်ခဲ့သည့် လိဒ်စ်အသင်းက အသင်းကြီး ချယ်ဆီးအသင်းနှင့် တွေ့ဆုံ နေသည်။ 

ဒန်နီရယ်ဖာကီ၏ လိဒ်စ်အသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဝက်စ်ဟမ်းအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ပယ်နယ်တီအဆုံးအဖြတ်တွင်  လေးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသည့် အသင်းဖြစ်သည်။

ထို့အပြင် လိဒ်စ်အသင်းသည် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခြင်းမှာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ယမန်နှစ်က အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည့်  နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းက ဆောက်သမ်တန်အသင်းနှင့် တွေ့ဆုံနေသည်။   ၁၉၇၆ ခုနှစ်က အက်ဖ်အေဖလား ဆွတ်ခူးထားနိုင်သော ဆောက်သမ်တန်အသင်းသည် ကွာတားဖိုင်နယ်တွင် နာမည်ကြီး အာဆင်နယ်အသင်းကို  ချားလိစ်၏  နောက်ကျသွင်းဂိုးကြောင့်  နှစ်ဂိုး-တစ်ဂိုးဖြင့်  နိုင်ပွဲရရှိပြီး  ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသည့်အသင်းဖြစ်သည်။

ဆောက်သမ်တန်အသင်းသည် ၁၉၈၇ ခုနှစ်က အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ နောက်ဆုံးတက်လှမ်းထားနိုင်သည့် အသင်းဖြစ်သည်။ ယခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမည့်  ဧပြီ ၂၅  ရက်နှင့် ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အောင်ဇော်

MDN