RSV ဆေးကို ကိုယ်ဝန်ဆောင်ကာလတွင် မိခင်များထိုးနှံပြီးသည့်တိုင် မွေးဖွားလာသည့် ကလေးများကိုလည်း ဘေးကင်းလုံခြုံစွာထိုးနှံပေးနိုင်
နယူးယောက် အောက်တိုဘာ ၂၈
Respiratory Syncystial Virus (RSV) ခေါ် အသက်ရှူလမ်းကြောင်းကူးစက်ရောဂါကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်ကာလတွင် မိခင်များကထိုးနှံပြီးသည့်တိုင် မွေးဖွားလာသည့် ကလေးများကိုလည်း ၎င်းကာကွယ်ဆေးကို ဘေးကင်းလုံခြုံစွာ ထိုးနှံပေးနိုင်ကြောင်း သုတေသနပညာရှင်များ က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။
RSV အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါသည် မွေးကင်းစကလေးများ ဆေးရုံတက်ရောက်ရမှု၏ အဓိကအကြောင်းတရားဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါ အတားဆီးများကို Nirsevimab (Beyfortus) ခေါ် ကာကွယ်ဆေးတစ်မျိုးကို ထိုးနှံပေးနိုင်သည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ Nirsevimab ကာကွယ်ဆေးကို မိခင်လောင်းဘဝတွင် မိခင်များက ထိုးနှံထားပြီးဖြစ်သည့်တိုင် မွေးဖွားလာသောကလေးများတွင်လည်း ဘေးကင်းလုံခြုံစွာထိုးနှံပေးနိုင်သည်ကိုတွေ့ရကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန် သုတေသနပညာရှင်များသည် မိခင်နှင့်ကလေး အတွဲပေါင်း ၁၈၁ တွဲကို လေ့လာဆန်းစစ်ခဲ့ပြီး ၎င်းတို့၏တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Ref: Russia Today
ရတနာပုံ
