ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ သင်ကြားပေးလျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ ကျင်းပ
ကျောက်ဆည်၊ မတ်-၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခမဲ့သင်ကြားပေးလျက် ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက လူထု အခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း နာယက ပန်းချီ ဆရာ ဦးစိုးမြင့်ဒွဏ်းက သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်း၌ သင်ကြားခဲ့သော အခြေခံ အင်္ဂလိပ်စာ နှင့် အခြေခံပန်းချီပညာများကို ဆက်လက်လေ့လာပြီး အောင်မြင်တိုးတက်အောင် ဆောင်ရွက်သွားကြရန် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ/ ဆရာများအား လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သော မရွှန်းလဲ့ဝေဖူး၊ မသွန်းမေသဒ္ဒါဖူးနှင့် မဇူးဇူးအောင်တို့အား လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုရရှိခဲ့သော မောင်ထက်ဖြိုးဝေနှင့် မခိုင်ဝေလွင်တို့အား မြို့နယ်စာရေးဆရာ အသင်း နာယက ပန်းချီဆရာ ဦးစိုးမြင့်ဒွဏ်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
