တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကို အချို့အသင်းများ ခေါ်ယူရန် ကြိုးပမ်းနေခြင်း

News Image

  • တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကို အချို့အသင်းများ ခေါ်ယူရန် ကြိုးပမ်းနေခြင်း

ဘာစီလိုနာ၊ မတ် ၃၀ 

 လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်အား ဘာစီလိုနာအသင်းအပြင် ပီအက်စ်ဂျီအသင်းနှင့် အေစီမီလန်အသင်းတို့ကလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ ဘာစီလိုနာအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားလျက်ရှိပြီး စာချုပ်အချက်အလက်များအရ ဘာစီလိုနာအသင်းအနေဖြင့် ရာသီအကုန်တွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃၀ ဖြင့် ခေါ်ယူနိုင်မည့်အချက်ရှိနေသည်။

တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကိုယ်တိုင်က ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးလျှင်လည်း မန်ယူအသင်းထံ ပြန်လည်မပူးပေါင်းလိုသည့်အတွက် ဘာစီလိုနာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ကစားလိုပြီး အစောပိုင်းကတည်းက ဆွေးနွေးမှုများလုပ်ဆောင်နေခြင်း ဖြစ်သည်။

အလားတူ ဘာစီလိုနာအသင်းနှင့်အပြိုင် ဥရောပထိပ်တန်းကလပ်အသင်းကြီးများဖြစ်သည့် ပီအက်စ်ဂျီအသင်းနှင့် အေစီမီလန်အသင်းတို့ကလည်း ခေါ်ယူလိုပြီး၊ ပီအက်စ်ဂျီအသင်းက ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်းတွင်ရှိနေစဉ်ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကာ ယခုအခါ ဒုတိယအကြိမ် ကြိုးပမ်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်ပြီး အေစီမီလန်အသင်းကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။

Ref: Fabrizio Romano

MWD