(၇၃) နှစ်မြောက် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘောလုံးအားကစား ပြိုင်ပွဲများ ကျင်းပ

News Image

  • (၇၃) နှစ်မြောက် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘောလုံးအားကစား ပြိုင်ပွဲများ ကျင်းပ

ကျောက်ဆည်၊ နိုဝင်ဘာ-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ပြည်သူ့အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ (၃) နာရီခွဲက (၇၃)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား၊ အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော် နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ဘောလုံးအားကစားအသင်းများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး ဖွင့်ပွဲအား ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က အားကစားကွင်း အတွင်းသို့ ဘောလုံးကန် သွင်း၍ ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသား(က)အသင်းနှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ (က) အသင်းမှ (၅)ဂိုး (၁)ဂိုးဖြင့်အနိုင်ရရှိသွားကြောင်း သိရှိရကြောင်းနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ၌ အသင်း(၄)သင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၌ အသင်း(၂)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)