ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ မတ်လအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်း ထုတ်ပြန်
လန်ဒန် မတ် ၂၈
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လစဉ်ပေးအပ်သည့် ဆုဖြစ်သော ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ယခုနှစ်မတ်လ အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆန်ခါ တင်စာရင်းတွင် အမှတ်ပေးဇယားအဆင့် (၁)မှ (၄)နေရာအတွင်း ရပ်တည်နေသည့်အသင်းများမှ ကစားသမားနှစ်ဦးသာ ပါဝင်လာကာ ကျန်ကစား သမားများမှာ အမှတ်ပေးဇယား အောက်ပိုင်းအသင်း များမှ ကစားသမားများ ပါဝင်လာသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ မတ်လအတွက် တစ်လ တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင် စာရင်းတွင် မန်ယူအသင်းမှ ဖာနန်ဒက်၊ အဲဗာတန် အသင်းမှ ဂျိမ်းဂါနာ၊ နော်တင်ဟမ်အသင်းမှ ဂစ်ဝှိုက်၊ နယူးကာဆယ်အသင်းမှ ဂေါ်ဒွန်၊ ဖူလ်ဟမ်အသင်း မှ အီအိုဘီ၊ အာဆင်နယ်အသင်းမှ ဂိုးသမား ရိုင်ယာနှင့် ဘရိုက်တန်အသင်းမှ ဒန်နီဝဲလ်ဘတ်တို့ပါဝင်လာခဲ့ ကြခြင်းဖြစ်သည်။
မတ်လအတွက် တစ်လတာအကောင်းဆုံးကစား သမားဆု ဆန်ခါတင်ကစားသမားစာရင်း၌ ပါဝင်လာသူများတွင် မန်ယူအသင်းမှ ဖာနန်ဒက်က ဆုရရှိ ရန် ရေပန်းစားလျက်ရှိပြီး ဖာနန်ဒက်သည် မန်ယူ အသင်းနှင့်အတူ မတ်လအတွင်း ကစားသည့်ပွဲစဉ်များ ၌ ပဲလေ့စ်အသင်းနှင့်ပွဲစဉ်တွင် တစ်ဂိုးသွင်း၊ ဂိုးဖန်တီး မှုတစ်ကြိမ်၊ နယူးကာဆယ်အသင်းနှင့် ပွဲစဉ်တွင် ဂိုးဖန်တီးမှုတစ်ကြိမ်၊ အက်စ်တွန်ဗီလာ အသင်းနှင့် ပွဲစဉ်တွင် ဂိုးဖန်တီးမှု နှစ်ကြိမ်၊ ဘုန်းမောက်အသင်း နှင့်ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး လေးပွဲဆက် သွင်းဂိုးနှင့် ဂိုးဖန်တီးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
MWD
