စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စတုတ္တနေ့ မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ ဆက်လက်ကျင်းပ

News Image

  • စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စတုတ္တနေ့ မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ ဆက်လက်ကျင်းပ

ကျောက်ဆည်၊ နိုဝင်ဘာ-၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်အကြို စတုတ္တနေ့တွင် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၌ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ အခြေခံပညာ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်း(၅၁)မှ ကျောင်းသား/ ကျောင်းသူများက ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး ဇော်ဂျီနှင့် ကျောင်းသုံးပြဋ္ဌာန်းမြန်မာစာအုပ်များထဲမှ ကဗျာများဖြင့် တစ်ဦးချင်း/ အဖွဲ့လိုက်အဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။ 

ပြိုင်ပွဲတွင် ထူးချွန်သူများအား ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု(၂) ဆုများရွေးချယ်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်( ကျောက်ဆည်)