တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

News Image

  • တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ထားဝယ်     နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား  မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကိုယနေ့ ညနေ ၃ နာရီတွင် ထားဝယ်မြို့ရွှေဝယ်သီရိ မိုးလုံလေလုံအားကစား ခန်းမ၌ကျင်းပသည်။

ဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အမျိုးသား/အမျိုးသမီးများ၏ ကီလိုတန်းအလိုက် အကြိတ်အနယ် လက်ဝှေ့ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက  ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ     တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့ကိုဂုဏ်ပြုဆုချီးမြှင့်ပြီး အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့် မြိတ်မြို့နယ်မှ မပန်းဆုပြည့်နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသည့် ထားဝယ်မြို့နယ်မှ မောင်လွင်မျိုးသန့်တို့ကို ဆုများပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်က ဂုဏ်ပြုဆုငွေ နှစ်သိန်းစီ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးများက ၄၀ ကီလိုတန်းအမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယ ဆုရရှိကြသူများ၊ ၅၂ ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိသူများ၊ ၅၆ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊  ပူးတွဲတတိယဆု ရရှိကြသူများ၊ ၄၈ ကီလိုတန်းအမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊  ပူးတွဲတတိယဆု ရရှိကြသူများ၊ ၅၁ ကီလိုတန်း   အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊  တတိယဆုရရှိကြသူများကို တစ်ဦးချင်းဆု နှင့်ငွေသားဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ၅၇ ကီလိုတန်းအမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အမျိုးသားပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေတစ်ခုရရှိသည့် ထားဝယ်မြို့နယ်နှင့် အမျိုးသမီးပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေတစ်ခု ၊ ကြေးတစ်ခုရရှိသည့်မြိတ်မြို့နယ် တို့ကို တံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လက်ဝှေ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်က ဂုဏ်ပြု ဆုငွေကျပ်ငါးသိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

MWD