တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေး

News Image

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေး

ပင်လုံ  ဒီဇင်ဘာ  ၈

     ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ ပင်လုံတက္ကသိုလ် ဘက်စုံခန်းမ၌ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲတွင် ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်က လွိုင်လင်ခရိုင်အတွင်း၌ ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့်  တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ၅၅၁ ဦးအား   အရည်အချင်းပြည့်ဝပြီး   ထူးချွန်စွာအောင်မြင်စေရန်၊ တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းနှင့် အမှတ်ပေးစည်းမျဉ်းတို့ကို ပိုမို သဘောပေါက်နားလည်စေရန်  အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘာသာရပ်အလိုက်ဆရာ၊ ဆရာမများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ်များ၊ လွိုင်လင်ခရိုင်ပညာရေးမှူးနှင့် ဘာသာရပ် ဌာနအသီးသီးမှ  ပါမောက္ခဌာနမှူးများ၊ သင်တန်း တက်ရောက်မည့် ဆရာ၊ ဆရာမများ၊  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

MWD