ရေကြည်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

News Image

  • ရေကြည်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

ရေကြည်    ဧပြီ   ၂

ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်တွင် မတ် ၃ ရက်မှ  ဧပြီ   ၂  ရက်‌အထိ  နွေရာသီအခြေခံအားကစားသင်တန်းများကို  ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို မြို့နယ် အားကစားနှင့်  ကာယပညာဦးစီးဌာန  အားကစားခန်းမ၌  ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ  ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးသန်းဇော်လင်းက အမှာစကားပြောကြားသည်။

ထို့နောက်  ဘောလုံး၊ ကြက်တောင်၊   ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊  ရိုးရာခြင်းလုံး၊ Fitness   Dance   အဖွဲ့များက  သရုပ်ပြ ဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများက နည်းပြဆရာများနှင့်  သင်တန်းသား သင်တန်းသူများအား  သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်များ  ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

MDN