အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်ကို တိုက်ရိုက် ထုတ်လွှင့်မည်
နေပြည်တော် ဒီဇင်ဘာ ၁၀
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် ဒီဇင်ဘာ လ ၁၁ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှစတင် ၍ MRTV HD Channel၊ MRTV Entertainment Channel၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
MWD
MM-News-Category
