ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည့် အစီအစဉ်ကိုရုပ်သိမ်းပြီး မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းမည်

News Image

  • ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည့် အစီအစဉ်ကိုရုပ်သိမ်းပြီး မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းမည်

မန်ချက်စတာ   ဇွန်  ၃

မန်ယူအသင်းမှ   ဘာစီလိုနာအသင်းသို့    အငှား စာချုပ်ဖြင့်     ပြောင်းရွှေ့ကစားနေသည့်     တိုက်စစ်ကစားသမားရက်ရှ်ဖို့ဒ်က       ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည့် အစီအစဉ်ကိုရုပ်သိမ်းပြီး      မန်ယူအသင်းနှင့်   ပြန်လည်ပူးပေါင်းမည်ဖြစ်ကြောင်း   သိရ သည်။

ရက်ရှ်ဖို့ဒ်သည်    ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက  မန်ယူအသင်းမှ ဘာစီလို နာအသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ပြီး အငှားစာချုပ်ပါ အချက်အလက်များအရ  ဘာစီလိုနာအသင်းမှ   ပြောင်းရွှေ့ကြေး   စတာလင် ပေါင် ၂၆  သန်းဖြင့်  အပြီးသတ်ခေါ်ယူနိုင်မည့်အချက် ပါဝင်နေခြင်းဖြစ်သည်။

အစောပိုင်းက    ရက်ရှ်ဖို့ဒ်သည်   မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခြင်း မပြုတော့ဘဲ    ဘာစီလိုနာ အသင်း၌သာ ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာအသင်းကလည်း  အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သည်။ 

သို့သော် ဘာစီလိုနာအသင်းက စာချုပ်ပါအချက် အလက်များအတိုင်း ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၆ သန်းကို   ပေးချေလိုခြင်းမရှိဘဲ   စတာလင်ပေါင် ၁၅ သန်းသာပေးချေလိုသည့်အတွက်   မန်ယူအသင်း နှင့်ဘာစီလိုနာအသင်းတို့ကြား ညှိနှိုင်းမှုအဆင်မပြေ ဖြစ်ခဲ့သည့်အပြင် ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း မန်ယူ အသင်းနှင့် ပြန်လည်ပူးပေါင်းရန်သာ ဆုံးဖြတ်ခဲ့သည်။    ရက်ရှ်ဖို့ဒ်သည်   လာမည့်ရာသီကြိုခြေစမ်းပွဲကာလ မတိုင်မီ    မန်ယူအသင်းနှင့်    ပြန်လည်ပူးပေါင်းရန် စီစဉ်ထားကြောင်း သိရသည်။

Ref;Fabrizio Romano

MWD