ယခုဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရရှိ

News Image

  • ယခုဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရရှိ

ဘာစီလိုနာ   ဇွန်  ၄

ယခုဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းအတွက်  စပိန်လာလီဂါ ပြိုင်ပွဲတွင်  ချန်ပီယံဆုဖလားဆွတ်ခူးပေးနိုင်သည့်  နည်းပြဟန်ဆီဖလစ်က ရရှိခဲ့ကြောင်း သိရသည်။

အသက်  ၆၁ နှစ်အရွယ် နည်းပြဟန်ဆီဖလစ်သည်  ဘာစီလိုနာအသင်းကို ၂၀၂၄ ခုနှစ်က စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းအတွက်  စပိန်လာလီဂါပြိုင်ပွဲ၌   ချန်ပီယံဆုဖလားဆွတ်ခူးပေးနိုင်ခဲ့သည်။ 

ထို့ပြင် ယခုဘောလုံးရာသီတွင်လည်း စပိန်လာလီဂါပြိုင်ပွဲ၌  ၃၈ ပွဲတာဝန်ယူကိုင်တွယ်ရာတွင်  ၃၁ ပွဲအနိုင်ရရှိကာ တစ်ပွဲသရေရလဒ်နှင့် ခြောက်ပွဲရှုံးနိမ့်ပြီး ရမှတ်  ၉၄ မှတ်ဖြင့် အ ဆင့်(၂)နေရာမှ   ရီးယဲလ်မက်ဒရစ်အသင်းကို ရမှတ်ရှစ်မှတ်ဖြတ်တောက်ကာ နှစ်ရာသီဆက် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

နည်းပြဟန်ဆီဖလစ်သည်   ပြီးခဲ့သည့်ဘောလုံးရာသီကလည်း   ဘာစီလိုနာအသင်းအတွက်   စပိန်လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးပေးနိုင်ပြီးနောက် ပြိုင်ပွဲ၏တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိသည့်အပြင် ယခုဘောလုံး ရာသီတွင်လည်း တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို နှစ်ရာသီဆက်ရရှိခဲ့ခြင်းဖြစ်သည်။

နည်းပြဟန်ဆီဖလစ်သည်    ဘာစီလိုနာအသင်းအတွက်       ဘောလုံးရာသီနှစ်ရာသီအတွင်း     စပိန်လာလီဂါဖလား  နှစ်ကြိမ်၊ စပိန်ကိုပါဒယ်ရေး ဖလားတစ်ကြိမ်နှင့် စပိန်စူပါဖလားနှစ်ကြိမ်    ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း  သိရသည်။   

 Ref;Fabrizio Romano

MWD