အန်ဇိုဖာနန်ဒက်အားခေါ်ယူလိုပါက ဗယ်ဗာဒီအပြင် ယူရို သန်း ၂၀ အလိုက်ပေးရန် ချယ်လ်ဆီးအသင်းက ရီးယဲလ်မက်ဒရစ်အသင်းထံတောင်းဆို

News Image

  • အန်ဇိုဖာနန်ဒက်အားခေါ်ယူလိုပါက ဗယ်ဗာဒီအပြင် ယူရို သန်း ၂၀ အလိုက်ပေးရန် ချယ်လ်ဆီးအသင်းက ရီးယဲလ်မက်ဒရစ်အသင်းထံတောင်းဆို

လန်ဒန်   ဇွန်   ၃

ချယ်လ်ဆီးအသင်းက ၎င်းတို့အသင်းမှ ကွင်းလယ် ကစားသမား  အန်ဇိုဖာနန်ဒက်အား  ခေါ်ယူလိုပါက ကွင်းလယ်ကစားသမား ဗယ်ဗာဒီအပြင် ယူရို သန်း ၂၀ အလိုက်ပေးရန်     ရီးယဲလ်မက်ဒရစ်အသင်းထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်သည်     ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းနှင့်အတူ   အကောင်းဆုံးခြေစွမ်း ပြနိုင်သော်လည်း     ရာသီဝက်ကာလ၌  ရီးယဲလ် မက်ဒရစ်အသင်းထံ     ပြောင်းရွှေ့ကစားလိုသည်ဟု ပြောကြားပြီးနောက်      အသင်းတာဝန်ရှိသူများနှင့် ဆက်ဆံရေးတင်းမာမှုများရှိလာကာ     အသင်းက ပြစ်ဒဏ်ချမှတ်သည့်အနေဖြင့် ၎င်းကို ပွဲကစားခွင့် ယာယီပိတ်ပင်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည်    ယခုဘောလုံးရာသီ တွင် ရလဒ်မတည်ငြိမ်မှုများကြောင့် ဥရောပဝင်ခွင့် နှင့်လွဲချော်ခဲ့ရသော်လည်း   အန်ဇိုဖာနန်ဒက်အနေ ဖြင့် အသင်းနှင့်အတူ  အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ   ပြိုင်ပွဲစုံ ၆၁ ပွဲကစားရာတွင် ၁၆ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်သည်အထိ ခြေစွမ်းပြ နိုင်ခဲ့သည်။

နောက်ပိုင်းတွင်   ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့် အန်ဇိုဖာနန်ဒက်တို့ကြား ညှိနှိုင်းမှုများအဆင် ပြေခဲ့၍  အသင်း၌ ပြန်လည် ကစားပေးခဲ့သော်လည်း ၎င်း၏အနာဂတ်မှာ  မရေမရာဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် လာမည့် နွေရာသီကစားသမားအပြောင်း အရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းက အန်ဇို ဖာနန်ဒက်အား  ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းတွင်    ကွင်းလယ်ကစားသမား ဗယ်ဗာဒီနှင့် ချူအာမန်ဒီတို့   ခိုက်ရန်ဖြစ်ပွား ခဲ့ပြီး    ဆက်ဆံရေး တင်းမာမှုများ ရှိလာပြီးနောက်   ဗယ်ဗာဒီကိုယ်တိုင်က    အသင်းမှထွက်ခွာရန်ဆန္ဒရှိ နေ၍     ရီးယဲလ်မက်ဒရစ်အသင်းက   ရောင်းချပြီး အန်ဇိုဖာနန်ဒက်နှင့်     ပြန်လည်အစားထိုးလိုနေခြင်း ဖြစ်သည်။

 ချယ်လ်ဆီးအသင်းအနေဖြင့် ဥရောပအဆင့်ပြိုင်ပွဲ ဝင်ခွင့်နှင့်လွဲချော်ထားသောကြောင့် လာမည့်နွေရာသီ  ကစားသမား အပြောင်းအရွှေ့ကာလတွင်    အသင်းမှ ထွက်ခွာလိုနေသည့်          အန်ဇိုဖာနန်ဒက်အတွက် ချယ်လ်ဆီးအသင်းက   ရီးယဲလ်မက်ဒရစ် အသင်းထံ ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref;Transfer News Live

MWD