အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု C ပွဲစဉ် တိုက်ရိုက် ထုတ်လွှင့်မည်

News Image

  • အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု C ပွဲစဉ် တိုက်ရိုက် ထုတ်လွှင့်မည်

နေပြည်တော်  ဒီဇင်ဘာ ၁၁

     ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု  ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၂ ရက် (ယနေ့) ညနေ ၅ နာရီခွဲတွင် မြန်မာယူ ၂၂ အမျိုးသားဘောလုံးအသင်းနှင့် အင်ဒိုနီးရှားယူ ၂၂ အမျိုးသားဘောလုံးအသင်းတို့  ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 

အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Entertainment Channel၊ MRTV Sports Channel နှင့်မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

MWD