ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

News Image

  • ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၉၉ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီ ၅ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ထီအုံးစောက်ကျေးရွာအနောက်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား လည်းကောင်း။
    အလားတူ နံနက် ၉ နာရီ ၁၅ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ တင်းထက်ကျေးရွာအရှေ့မြောက်ဘက် သုံးမိုင်ခွဲခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၇ ဧကခန့်အား လည်းကောင်း။
    ထို့အတူ နံနက် ၉ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ပန်းလျှန်းကျေးရွာအရှေ့တောင်ဘက် ခုနစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၉ ဧကခန့်အား လည်းကောင်း။
    ထို့အတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီထိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ နင်းဟီးကျေးရွာ တောင်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်၊ ကောင်းကန်းကျေးရွာ မြောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၃ ဧကခန့်၊ လွိုင်ကန်ကျေးရွာအရှေ့မြောက်ဘက် ခုနစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဧကခန့်၊ ဟွေဟိုင်းကျေးရွာ အနောက်တောင်ဘက် သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၅ ဧကခန့်နှင့် နောင်တောင် (အထက်)ကျေးရွာအနောက်တောင်ဘက် တစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်တို့အားလည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
MOHA