ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ကွန်ဟိန်း မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

News Image

  • ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ကွန်ဟိန်း မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ကွန်ဟိန်းမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၂၇၇ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဆနင်းကျေးရွာအုပ်စု၊ လုစန်းခမ်းကျေးရွာနှင့် နားလင်းကျေးရွာ၊ ဆဟောင်းကျေးရွာအုပ်စု၊ ကျူနိမ့်ကျေးရွာနှင့် ကုန်းပတ်ကျေးရွာတို့မှ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆၅ ဧကခန့်အား လည်းကောင်း။

     အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်မှ ညနေ ၄ နာရီ ၂၀ မိနစ်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ စင်းတောင်း‌ ကျေးရွာအုပ်စု၊ ထီတလိကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆၂ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၁၀ နာရီ ၅ မိနစ်မှ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ နားခိုက် ကျေးရွာအုပ်စု၊ ပင်အွန်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၇ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ အုပ်စု၊ ကျောက္ကချားကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၇ ဧကခန့်အားလည်းကောင်း။

     ထို့အတူ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်ထိ ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကွန်ဟိန်းမြို့နယ်၊ ဝမ်ပတ်ကျေးရွာအုပ်စု၊ လွယ်ဆိုင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၁၁ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စု၊ ခကြားတိုကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

MOHA