ONE Friday Fights 140 ပြိုင်ပွဲတွင် ဆွန်ရက် အလဲထိုးအနိုင်ရရှိပြီး သွေးလင်းထက် အမှတ်ဖြင့်ရှုံးနိမ့်

News Image

  • ONE Friday Fights 140 ပြိုင်ပွဲတွင် ဆွန်ရက် အလဲထိုးအနိုင်ရရှိပြီး သွေးလင်းထက် အမှတ်ဖြင့်ရှုံးနိမ့်

ONE Friday Fights 140 ပြိုင်ပွဲတွင် ဆွန်ရက် အလဲထိုးအနိုင်ရရှိပြီး သွေးလင်းထက် အမှတ်ဖြင့်ရှုံးနိမ့်

ရန်ကုန်   ဇန်နဝါရီ  ၃၁

ONE Friday Fights 140 ပြိုင်ပွဲကို ယမန်နေ့ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပရာ     ယင်းပြိုင်ပွဲတွင်တွဲဆိုင်း၁၄ ဆိုင်းပါဝင်ပြီး     ဒုတိယတွဲဆိုင်းတွင်ဖဲတက်စ်အသင်းသား မြန်မာမွန်ဖိုက်တာဆွန်ရက်က  ထိုင်းဖိုက်တာ ဘွတ်ခီယိုကို အလဲထိုးအနိုင် ရရှိပြီး ခေါင်တွဲဆိုင်းတွင် မြန်မာကရင်ဖိုက်တာ သွေးလင်းထက်သည် ထိုင်းဖိုက်တာခွန်ချိုင်းကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

ဒုတိယခေါင်တွဲဆိုင်းတွင် ထိုးသတ်သည့် ဆွန်ရက်သည် ဝမ်းနှင့် ၁၄ ပွဲထိုးသတ်ထားပြီး ရှစ်ပွဲနိုင် ခြောက်ပွဲရှုံးထားသည်။ ဆွန်ရက်၏

ပြိုင်ဘက်ကစားသမား ဘွတ်ခီယိုက ရှစ်ပွဲထိုးသတ်ထားပြီး ခြောက်ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ထား၍ နှစ်ဦးလုံးအတွေ့အကြုံရှိ ဝါရင့်ဖိုက်တာများပွဲဖြစ်၍ ပရိသတ်အကြိုက်တွေ့သည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

ပွဲအစတွင်   ဘွတ်ခီယိုသည် ဆွန်ရက်ထက် အရပ်အနည်းငယ်ပိုမြင့်၍ ဆွန်ရက်၏ ဝိုက်လက်သီးများနှင့် တံတောင်ရိုက်ချက်များသည် ထိချက်လွဲမှုများရှိခဲ့သည်။ ဘွတ်ခီယိုသည်ပြိုင်ဘက်ကို အလဲထိုးနိုင်ရန်မဖြစ်နိုင်မှန်းသိ၍ ခြေကန်ချက်များသုံးပြီး အတင်း ဝင်လုံးကာ အပူးအချုပ်ရိုက်ဒူးများနှင့် အမှတ်ယူကစားခဲ့သည်။ အလဲထိုးရန်အားသန်သည့် အနေအထားရှိပြီး မွေကစားဟန်ကို ပါးနပ်သည့်ဆွန်ရက်က အပူးမခံဘဲခွာဆော့ကာ သူ၏ခြေကျလက်ရောက်၊ လက်ကျ ခြေရောက် ဘယ်ပြညာထိုး ညာပြဘယ်ထိုး ကောင်တာကစားခဲ့သည့်အတွက် ပထမအချီတွင် ဘွတ်ခီယို ထင်တိုင်းလုပ်မရဖြစ်ခဲ့သည်။

ဒုတိယအချီပြန်စသည်နှင့် နှစ်ဦးသားတိုက်စစ်ဖွင့်ပြီး ဆိုင်ထိုးပြိုင်ထိုးခဲ့ကြရာ ဆွန်ရက်၏ လက်သီးတွဲလုံးများ ဒူးတိုက်ချက်များဆက်တိုက်ထိချိန်တွင် ဘွတ်ခီယိုအခြေအနေမဟန်၍ ပြန်ဆုတ်ဖို့ကြိုးစား သည်။ ဆွန်ရက်အခွင့်အရေးကို အသုံးချပြီး ဖိအားပေးတရစပ်လိုက်ထိုးရာ ဘယ်ဖြောင့်လက်သီးနှစ်လုံး ဆက်တိုက်ထိပြီး ဘွတ်ခီယိုလဲကျသွားသည့်အတွက်    ပထမအကြိမ်အမှတ်စဉ်ရေခံရသည်။ ဆက်လက်ယှဉ်ပြိုင်သော်လည်း ဆွန်ရက်ရဲ့ဘယ်လက်သီး ဘယ်တံတောင်ရိုက်ချက်များ ထိမှန်ပြီး ထပ်မံလဲကျသွားသည်။   ဒီတစ်ကြိမ်တွင်ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့၍ မြန်မာမွန်ဖိုက်တာဆွန်ရက်က ထိုင်းဖိုက် တာဘွတ်ခီယိုကို အလဲထိုးအနိုင်ရရှိသွားကြောင်း သိရသည်။                       

ဝန်းရံခ

MWD