၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းခင်း စုစုပေါင်း ၂၆၂ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ပန်မုန့်ကျေးရွာအုပ်စု၊ နောင်ဟိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅၀ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ထိ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ် ကျေးရွာအုပ်စု၊ ဝမ်ကျုံးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃၈ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်မှ ညနေ ၄ နာရီ ၁၀ မိနစ်ထိ မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ ဖာဝေါကျေးရွာအုပ်စု၊ (၁၁)မိုင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂၀ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ စံကားကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၃ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၅ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ လိမ်းညား ကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၆၂ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၁ နာရီထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ဟွေ့ဆင် ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂၀ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီ ၁၀ မိနစ်မှ မွန်းလွဲ ၂ နာရီထိ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ခကြားတိုကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅၉ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။
moha
