AI အတွက် လိုအပ်တဲ့စွမ်းအင်ကို မြေအောက်အပူစွမ်းအင်က နျူကလီးယားထက် ပိုမိုဖြည့်ဆည်းပေးနိုင်

News Image

  • AI အတွက် လိုအပ်တဲ့စွမ်းအင်ကို မြေအောက်အပူစွမ်းအင်က နျူကလီးယားထက် ပိုမိုဖြည့်ဆည်းပေးနိုင်

AI နည်းပညာတွေအတွက် အလွန်အမင်း လိုအပ်လာမည့် လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်းပေးရာမှာ မြေအောက်အပူစွမ်းအင်က နျူကလီးယား ဒါမှမဟုတ် ကျောက်မီးသွေးထက် ပိုမိုထိရောက်နိုင်ပြီး ရုပ်ကြွင်းလောင်စာ အသုံးပြုမှုစရိတ်တွေကိုလည်း၆၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်တယ်လို့ စွမ်းအင်ဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။

AI ဒေတာစင်တာတွေဟာ တစ်နေ့ထက်တစ်နေ့ စွမ်းအင်ပိုမိုသုံးစွဲလာတာကြောင့်ပညာရှင်တွေက ပိုမိုသန့်စင်ပြီး   စရိတ်သက်သာတဲ့   စွမ်းအင်အရင်းအမြစ်တွေကို ရှာဖွေနေရာ မြေအောက်အပူစွမ်းအင်ဟာ အလားအလာအကောင်းဆုံး ဖြစ်လာတာပါ။ ဒီစွမ်းအင်ဟာ နျူကလီးယားစွမ်းအင်လို ဘေးကင်းလုံခြုံရေးအတွက် အထူးစိုးရိမ်စရာမရှိသလို ကျောက်မီးသွေးလိုလည်း ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမဖြစ်စေပါဘူး။

ဒါ့အပြင် နေရောင်ခြည် ဒါမှမဟုတ် လေစွမ်းအင်လိုမျိုး ရာသီဥတုအပေါ်မမူတည်ဘဲ ၂၄ နာရီစလုံး တည်ငြိမ်စွာ ထုတ်လုပ်ပေးနိုင်တာက အဓိကအားသာချက်ဖြစ်ပါတယ်။

လက်ရှိလေ့လာမှုတွေအရ မြေအောက်အပူစွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မယ်ဆိုရင် ရုပ်ကြွင်းလောင်စာတွေအတွက် ကုန်ကျစရိတ် လျှော့ချနိုင်မှာဖြစ်လို့ တွက်ခြေကိုက်ပါတယ်။ 

 Ref: IE

ကိုထက်

MWD