ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲများ စတင်ဖြေဆို

News Image

  • ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲများ စတင်ဖြေဆို

ကျောက်ဆည်၊ ‌ဖေဖော်ဝါရီ-၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစတင်၍ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းများပြုလုပ်ရာတွင် ( KG တန်း )မှ ကျောင်းသား/ကျောင်းသူ ၄၄၄၄ ဦး၊ Grade-1 တန်းမှ ကျောင်းသား/ကျောင်းသူ ၅၄၀၃ ဦး၊ Grade-2 တန်းမှ ကျောင်းသား/ကျောင်းသူ ၅၆၁၇ ဦး၊ Grade-၃ တန်းမှ ကျောင်းသား/ကျောင်းသူ ၆၂၀၈ ဦး၊ Grade-၄ တန်းမှ ကျောင်းသား/ကျောင်းသူ ၇၀၈၄ ဦး၊ Grade-6 တန်းမှ ကျောင်းသား/ကျောင်းသူ ၃၈၈၂ ဦး၊ Grade-7 တန်းမှ ကျောင်းသား/ကျောင်းသူ ၃၄၆၂ ဦး၊ Grade-8 တန်းမှ ကျောင်းသား/ကျောင်းသူ ၂၆၆၅ ဦး၊ Grade-10 တန်းမှ ကျောင်းသား/ကျောင်းသူ ၂၂၀၆ ဦး၊ Grade-11 တန်းမှ ကျောင်းသား/ကျောင်းသူ ၁၇၃၀ ဦး၊ Grade-12 မှ ကျောင်းသား/ကျောင်းသူ ၁၁၆၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း ၁၃၀ ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) ကျောင်း ၂၅ ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း ၂၅ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း ၉ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၈ ကျောင်းရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)