လီယိုနာဒိုမုန်တိုင်းကြောင့် စပိန်နှင့်ပေါ်တူဂီတို့တွင် လူသေဆုံးမှုနှင့်ရေကြီးမှုများဖြစ်ပွား

News Image

  • လီယိုနာဒိုမုန်တိုင်းကြောင့် စပိန်နှင့်ပေါ်တူဂီတို့တွင် လူသေဆုံးမှုနှင့်ရေကြီးမှုများဖြစ်ပွား

အိုင်ဘေးရီးယန်းကျွန်းဆွယ်သို့ ဝင်ရောက်တိုက်ခတ်လျက်ရှိသည့် လီယိုနာဒိုမုန်တိုင်းကြောင့် စပိန်နှင့်ပေါ်တူဂီနိုင်ငံတို့တွင်    လူသေဆုံးမှုနှင့်ရေကြီးမှုများဖြစ်ပွားလျက်ရှိနေသည်။

ပေါ်တူဂီနိုင်ငံ၌ ရေကြီးမှုကြောင့်  ကားတစ်စီးရေထဲမျောပါသွားရာမှ အမျိုးသားတစ်ဦးသေဆုံးသည်။ စပိန်နိုင်ငံတောင်ပိုင်း အန်ဒလူစီးယားဒေသတွင် မိန်းကလေးငယ်တစ်ဦး မြစ်ရေနှင့်အတူ မျောပါပျောက်ဆုံးနေသည်။

လီယိုနာဒိုမုန်တိုင်းကြောင့် စပိန်တွင် လူပေါင်း ၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပြီး ဂွာဒယ်ကွီဗာမြစ်ရေမြင့်တက်လာမှုကြောင့် အရေးပေါ်အခြေအနေများ ကြေညာထားရသည်။

ပေါ်တူဂီနိုင်ငံရှိ တေးဂတ်မြစ်ဝှမ်းတွင်လည်း နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရေကြီးနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရသဖြင့် ဖေဖော်ဝါရီလ ၈ ရက်တွင်ကျင်းပမည့် ပေါ်တူဂီသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို   ရွှေ့ဆိုင်းပေးရန် လက်ယာစွန်းပါတီခေါင်းဆောင် အန်ဒရေဗင်တူရာက တောင်းဆိုထားသော်လည်း တာဝန်ရှိသူများက ငြင်းဆိုထားသည်။

Ref: BP

MWD