မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေး
ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
နွေရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကွယ်သည့်အနေဖြင့် ကျောက်ဆည် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း များနှင့်191 Report Application အသုံးပြုတတ်စေရန် ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ကျောက်ဆည်မြို့နယ်မီးသတ် ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့် သန္ဓေ တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းများ၏ ဆီသိုလှောင်ကန်များအားစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေကန်များနှင့် မီးသတ် ဆေးဗူးများအား စစ်ဆေးခဲ့ပြီး အရေးပေါ်မီးစတင်လောင်ခြင်းဖြစ်ပွားခဲ့ပါက အမြန်ချက်ချင်း မီးငြှိမ်းသတ်နည်းများ အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
