ကျောက်ဆည်မြို့နယ်၌ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများ ထုတ်ပေးလျက်ရှိ
ကျောက်ဆည် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးခဲ့သည့် နေအိမ် အဆောက်အဦများအတွက် နိုင်ငံတော်မှထောက်ပံ့သော သွပ်၊ သံ၊ ဘိလပ်မြေတို့ကို ပျက်စီးဆုံးရှုံးခဲ့သည့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတို့မှ ပြည်သူများထံသို့ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများကို ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်းရှိ သော်တာဝင်း လမ်းဖောက် လုပ်ရေး ရှေ့တန်းစခန်း၌ ထားရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အလှည့်ကျ တာဝန် ထမ်းဆောင်ပြီး ထုတ်ပေးလျက်ရှိကြောင်းနှင့် နေ့စဉ် အဝင်အထွက်ပစ္စည်းစာရင်းများအား စနစ်တကျ မှတ်တမ်း ပြုစု၍ ထုတ်ပေးကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မန္တလေးငလျင်ဒဏ်ကြောင့် ဝါးထရံကာအိမ်၊ တစ်ထပ်ပျဉ်ထောင်အိမ်၊ နှစ်ထပ် ပျဉ်ထောင်အိမ်၊ တိုက်ခံအိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး (၄၅၄၀)လုံး၊ လုံးဝပျက်စီး (၆၃၂)လုံး၊ စုစုပေါင်း (၅၁၇၂) လုံး ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
