ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ပ‌ရော်ဖက်ရှင်နယ်ကစားသမားဘဝသွင်းဂိုး ၅၀၀ ပြည့်မြောက်

News Image

  • ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ပ‌ရော်ဖက်ရှင်နယ်ကစားသမားဘဝသွင်းဂိုး ၅၀၀ ပြည့်မြောက်

ဘာလင်   ဖေဖော်ဝါရီ  ၁၆

ဘိုင်ယန်မြူးနစ်အသင်း       ဝါရင့်တိုက်စစ်မှူး ဟယ်ရီကိန်းသည်   ဝါဒါဘရီမင်အသင်းနှင့်  ကစားသည့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူ နိုင်ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး    ၅၀၀   ပြည့် မြောက်ခဲ့ကြောင်း သိရသည်။

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ်(၂၂)အဖြစ်ကစားသည့်    ဘိုင်ယန်မြူးနစ်အသင်းက   ဝါဒါဘရီမင် အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့်  အနိုင်ရရှိသည့်ပွဲစဉ်တွင် ဟယ်ရီကိန်းသည် ပွဲချိန် ၂၂ မိနစ်တွင်    ရရှိသည့် ပယ်နယ်တီမှတစ်ဆင့်    သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ သကဲ့သို့ ပွဲချိန် ၂၅ မိနစ်တွင်လည်း ဒုတိယမြောက် ဦးဆောင်ဂိုးသွင်းယူနိုင်ပြီးနောက်    ပရော်ဖက်ရှင် နယ်ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မြောက် ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝ လက်စတာအသင်းနှင့် နှစ်ဂိုး၊ လေတန်အသင်း နှင့် ငါးဂိုး၊ မီဝေါလ်အသင်းနှင့်ကိုးဂိုး၊ အင်္ဂလန်အသင်း နှင့် ၇၉ ဂိုး၊ စပါးအသင်းနှင့် သွင်းဂိုး ၂၈၀  နှင့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၁၂၆   ဂိုးသွင်းယူနိုင်ပြီးနောက် သွင်းဂိုး ၅၀၀ ပြည့်မြောက်ခြင်းဖြစ်ပြီး    အဆိုပါ သွင်းဂိုး ၅၀၀ တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းဂိုး ၁၀၀ အထိသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဟယ်ရီကိန်းသည် ဝါဒါဘရီမင်အသင်းနှင့် ပွဲစဉ်တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းဂိုး တစ်ဂိုးသွင်း ယူနိုင်သည့်အတွက်     ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ပယ်နယ်တီ ၂၃ ကြိမ်ကန်သွင်းခွင့်ရရှိခဲ့ရာ  ၂၃ ဂိုးသွင်းယူထားသည့်အတွက် ပယ်နယ်တီတစ်ကြိမ် မျှ လွဲချော်ခြင်းမရှိဘဲ ရာနှုန်းပြည့်ပယ်နယ်တီသွင်းဂိုး များ ရယူထားနိုင်ခဲ့သူဖြစ်သည်။

ဟယ်ရီကိန်းသည်   ဘိုင်ယန်မြူးနစ်အသင်းနှင့် အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြလျက်ရှိပြီး    ယခုဘောလုံးရာသီတွင်   ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်    ၂၆  ဂိုးသွင်းယူထားပြီး သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင်  ထိပ်ဆုံးမှ ဦး‌ဆောင်နေကာ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားပြီးချိန် တွင် ၄၂ ဂိုး အထိသွင်းယူနိုင်ခဲ့ပြီး  ဥရောပထိပ်တန်း လိဂ်ငါးခုတွင်  သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ဟယ်ရီကိန်းသည်       ယခုဘောလုံးရာသီတွင် ဥရောပသွင်းဂိုး အများဆုံးကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုအတွက်လည်း ထိပ်ဆုံးမှ‌ ရေပန်းစားလျက် ရှိကြောင်း သိရသည်။

Ref;B/R Football

MWD