ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် သိန်း ၁၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

  • ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် သိန်း ၁၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ရပ်ကွက်(၈)၌ နမ့်ပေါင်ကျေးရွာနေ သိန်းမောင်(၁၉)နှစ် မောင်းနှင်လာသော MDY-16/2K-XXXX TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ၎င်းသယ်ဆောင် လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၅၀) အား ဖမ်းဆီးရမိသဖြင့် သိန်းမောင် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA